ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၆၊ ၂၀၂၄

နောင်ဒေးကျေးရွာအုပ်စုတွင် အဖွဲ့အမည်ကိုမသိရသည့် “ဝ”စစ်သားအင်အားဖြည့်တင်းလာနေပြီး ဒေသခံများ တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်နေကြကြောင်း နိုဝင်ဘာလ(၂၆)ရက်နေ့တွင် ဒေသခံကပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ နောင်ဒေးကျေးရွာအုပ်စုထဲတွင် ယခုတစ်ပတ်အတွင်း “ဝ”စစ်သားများက စစ်အင်အားများဖြည့်တင်းလျက်ရှိပြီး ဒေသခံများကတိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။

“အခုဒီဘက်မှာကအခြေနေသိပ်မကောင်းဘူး၊ တိုက်ပွဲဖြစ်မလားမသိ ဟိုရက်က “ဝ”စစ်သားတွေအများကြီးပဲ အင်အားထပ်ဖြည့်လာတာဆိုတော့လေ ကား(၁၈)စီးတောင်မှဆိုတော့” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

နောင်ဒေးကျေးရွာအုပ်စုအတွင်းရှိဒေသခံများကိုလည်း “ဝ”စစ်သားများက ညနေ(၄)နာရီနောက်ပိုင်း အပြင်မထွက်ကြရန် သတိပေးပြောဆိုထားကြောင်းသိရသည်။

“မနေ့ကသူတို့တွေ ရွာထဲလိုက်ပြောသေးတယ် ညနေ(၄)နာရီနောက်ပိုင်း အပြင်မထွက်ကြတော့နဲ့ဆိုပြီး မနက်ပိုင်းဘက်တော့ဘယ်ချိန်မှထွက်ရမယ်ဆိုတာမျိုးတော့ မပြောသွားဘူး သူတို့ဒီလိုမျိုးလာပြောတော့ ကြောက်ကြောက်နဲ့နေနေရတယ် အရင်တစ်ခါလည်းတိုက်ပွဲဖြစ်မယ်ဆိုပြီး တိမ်းရှောင်ခိုင်းတာရှိတော့လေ” ၎င်းကဆက်ပြောသည်။

ဟိုပုံးမြို့နယ်၊ နောင်ဒေးကျေးရွာအုပ်စုဘက်တွင် စစ်ကောင်စီ၊ “ဝ”စစ်သားနှင့် SSPP တပ်သားများ နေရာအသီးသီး တပ်စွဲနေရာယူထားကြပြီး ၎င်းတို့အချင်းချင်းကြား မကြာခနစစ်ရေးတင်းမာမှုများလည်း ရှိနေကြောင်းသိရသည်။

#PPV007
#စစ်ရေး
#ဟိုပုံးမြို့နယ်
#နောင်ဒေးကျေးရွာအုပ်စု
#ယခုတစ်ပတ်အတွင်း
#ဝစစ်သားများက
#စစ်အင်အားများဖြည့်တင်း
#တိုက်ပွဲများဖြစ်ပွားမည်ကိုစိုးရိမ်နေ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed