ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၆၊ ၂၀၂၄
နယ်စပ်တည်ငြိမ်ရေးအတွက် ကြားဝင်ကြိုးပမ်းဆောင်ရွက်ပေးနေသည့် တရုတ်အစိုးရကို အသိမှတ်ပြုပြီး စစ်ဘေးဒဏ်ဆိုးဝါးစွာခံစားနေရသည့် ပြည်သူများ၏ အကျိုးကို ငှဲ့ညှာထောက်ထား၍လည်း နှစ်ဖက်စစ်ရေးပဋ္ဌိပက္ခများအဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန်အဆင်သင့်ရှိနေကြောင်း TNLA က နိုင်ဝင်ဘာလ ၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခတွေကို အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေးအခြေအနေတည်ဆောက်နိုင်ရန်အတွက်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်မှုများကို ကောင်းကျိုးရှိသည့်အမြင်နှင့် အမြဲပူးပေါင်းဆောင်ရွက် နေလျက်ရှိပြီး ကောင်းမွန်သော ရလဒ်များရရှိရန် ဆက်လက်ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်ဟု PSLF/TNLA ကဆိုသည်။
မြောက်ပိုင်းညီနှောင်မဟာမိတ်အဖွဲ့ ၃ ဖွဲ့နှင့် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးမှာ နှစ်ပါတ်လည်လာခဲ့ပြီဖြစ်ပြီး စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ၊ တပ်စခန်းများ၊ စစ်ကြောင်းများကို မိမိတို့ မြို့ရွာဒေသများတွင် ကင်းစင်အောင်ဖယ်ရှားတိုက်ထုတ်နိုင်ခဲ့သော်လည်း စစ်ကောင်စီက ပြည်သူများကိုဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသဖြင့် ပြည်သူများ စစ်ဘေးဒဏ်ပေါင်းစုံကို ဆိုးဝါးစွာ ခံစားနေရကြောင်း ဆိုသည်။
ထို့အပြင် တအာင်းလူမျိုးတွေကို အဖိနှိပ်ခံ ဘဝကနေ လွတ်မြောက်ဖို့၊ တအာင်းပြည်နယ်ရရှိဖို့ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်နိုင်ငံကို တိုင်းရင်းသားလူထုတွေနဲ့အတူ တည်ဆောက်နိုင်ဖို့ အမြဲကြိုးပမ်းသွားမည်ဟုဆိုသည်။
ထို့ကြောင့် စစ်ဘေးဒဏ်အလူးအလဲခံစားနေရသော ပြည်သူလူထုများကို ကို ငဲ့ညာထောက်ထားခြင်းနှင့်အတူ မိမိကိုယ်ကိုခုခံကာကွယ်ခွင့် အခွင့်အရေးကို ကိုင်စွဲထားပြီး ပြသနာအရပ်ရပ်ကို ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးအဖြေရှာရန် အသင်ရှိနေကြောင်း TNLA ကထုတ်ပြန်ထားသည်။
PPV003
ဓာတ်ပုံ-TNLA
#စစ်ရေး
#နယ်စပ်တည်ငြိမ်ရေး
#ကြားဝင်ကြိုးပမ်းဆောင်ရွက်ပေး
#တရုတ်အစိုးရ
#စစ်ဘေးဒဏ်ဆိုးဝါးစွာခံစားနေရ
#နှစ်ဖက်စစ်ရေးပဋ္ဌိပက္ခများအဆုံးသတ်နိုင်ရန်
#တွေ့ဆုံဆွေးနွေးရန်အဆင်သင့်ရှိနေ
#TNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။