ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၅၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင်နိုဝင်ဘာ ၂၅ ရက်က ဝက်သား တစ်ပိဿာ လေးသောင်းအထိ စံချိန်တင် မြင့်တက်လာနေကြောင်း စျေးသည်များထံမှ စုံစမ်းသိရသည်။

“ အခု ဝက်သား တစ်ပိဿာ ၄၀၀၀၀ ကျပ် ဖြစ်တာ မနေ့တုန်းက ဖြစ်သွားတာပေါ့။ အရမ်း တက်သွားတယ်။ အရင်က သုံးသောင်းခွဲလေ။ ဒီနေ့တော့ နည်းနည်းပဲ လုပ်တယ်။ တစ်ကောင်ပဲ ။ ဝက်ရှားပါးလို့ စျေးတက်တာလည်း ပါတာပေါ့။ ဆက်တက်ဦးမလား မသိဘူး။”ဟု ဝက်သားရောင်းသူ တစ်ဦးက ပြောသည်။

‌ဝက်သားစျေးတက်ရခြင်းသည် လူဦးရေ ထူထပ်လာခြင်းကြောင့်လည်းဖြစ်ကြောင်းသိရသည်။

ကြက်သားရောင်းသူက“ အခု ကြက်သားက အမာ တစ်ပိဿာ ၁၈၀၀၀ ကျပ် နဲ့ နှစ်သောင်းကျပ်စျေး အထိ ရှိတယ်။ စီပီ ကြက်က တစ်ပိဿာကို ၂၃၀၀၀ ကျပ် အထိစျေးရှိတယ်။ အကောင်လိုက် အပိုင်းလိုက် ယူရင် ပိုတန်တယ်။ ”ဟု ပြောသည်။

ထို့အ​ပြင် နိုဝင်ဘာလ ၂၅ ရက်၌ အာလူးတစ်ပိဿာ တစ်သောင်းကျပ် မှ ၁၂၀၀၀ ကျပ် ၊ ခရမ်းချဉ်သီး တစ်ပိဿာ ၈၀၀၀ ကျပ် ၊ ကြက်သွန်နီ တစ်ပိဿာ ၅၅၀၀ ကျပ် ၊ ငရုတ်သီး တစ်ပိဿာ ၁၇၀၀၀ ကျပ် အထိ ပေါက်စျေးရှိနေပြီး ဆက်လက် မြင့်တက်နေဆဲ ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နယ် တွင် လားရှိုးနှင့် လွိုင်ကော်ဘက်မှ စစ်ဘေးရှောင် များ ရောက်ရှိနေပြီး ဝယ်လိုအား အထူးများပြားကာ ကုန်စျေးနှုန်းများ မကြုံစဖူး အဆမတန် မြင့်တက်ရာ နိုဝင်ဘာလတွင် သိသိသာသာ စျေးတက်လာခြင်း ရှိကြောင်းသိရသည်။

ဝက်သား စျေးနှုန်း မြင့်တက်လာသဖြင့် ပေါက်ဆီ စျေးနှုန်းမှာလည်း တစ်လုံး ၂၀၀၀ ကျပ် အထိ ရောင်းနေရကြောင်း ပေါက်ဆီ ရောင်းသော လက်ဖက်ရည်ဆိုင်ရှင် တစ်ဦးက ပြောသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ တွင် သီးနှံ ရှားပါးခြင်းကြောင့် လည်းကောင်း ၊ လူဦးရေ ထူထပ်လာခြင်းကြောင့် လည်းကောင်း ကုန်စျေးနှုန်းများ သိသိသာသာ မြင့်တက်လာနေကြောင်း စျေးသည်များထံမှ သိရသည်။

ပုံစာ တောင်ကြီးစျေးနေ့ စျေးခင်းပုံ

#PPV-006
#social
#Taunggyi
#ဝက်သား
#စျေးတက်

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed