ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၅၊ ၂၀၂၄

ဟိုပုံးမြို့ အနောက်ရပ်ကွက်တွင် ဂက်စ်အိုးမီးကို အဆုံးထိမပိတ်သောကြောင့် ပေါက်ကွဲမှုဖြစ်ပြီး အိမ်တစ်အိမ်လုံး မီးလောင်မှု ဖြစ်ပွါးခဲ့ကြောင့် ဒေသခံတစ်ဦးမှ သိရပါသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့အနောက်ရပ်ကွက်တွင် နိုဝင်ဘာ ၂၃ ရက် ဟိုပုံး တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲညတွင် တစ်အိမ်သားလုံးပွဲသို့သွားနေစဥ်ဂက်စ်အိုးပေါက်ကွဲပြီး နေအိမ်မီးလောင်မှု ဖြစ်ပွါးခဲ့သည်။

“အဲ မီးလောင်တဲ့အိမ်က ထရံအိမ်နဲ့၊ တအိမ်လုံးပွဲသွားနေတဲ့အချိန် ဂက်စ်မီးကို သေချာမပိတ်ခဲ့လို့ဖြစ်သွားတာတဲ့ရှင့်၊ လူထိခိုက်တာတော့မရှိပါဘူးရှင့်၊ ဒါမဲ့ ဘာမှတော့ မကျန်တော့ဘူး၊ အဝတ်တစ်ထည်တောင်မကျန်ဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

ဟိုပုံး တန်ဆောင်တိုင်ပွဲပိတ်ပွဲညတွင် တင်လွှတ်သည့် မီးပုံးပျံအသေးများသည် အနောက်ရပ်ကွက််ကို ရောက်ရှိခြင်းမရှိကြောင်းနှင့် အိမ်မီးလောင်မှု ဖြစ်ပွါးခြင်းသည် မီးပုံးပျံကြောင့်ဖြစ်ပွါးရခြင်း မဟုတ်ကြောင်း ၎င်း ကဆက်ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၉ရက်နေ့မှ ၂၃ ရက်အထိ ငါးရက်တိုင်ကျင်းပ ပြုလုပ်ခဲ့ကြောင်းနှင့်ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း တောင်ကြီး တန်ဆောင်တိုင် ပြုလုပ်ပြီး ဒုတိယအစည်းကားဆုံး မီးပုံးပျံပွဲတော်မှာ ဟိုပုံးပွဲတော်ဖြစ်ကြောင်း သိရသည်။
PPV0013
#မှုခင်း
#ဟိုပုံးမြို့
#အနောက်ရပ်ကွက်
#ဂက်စ်အိုးမီး
#အဆုံးထိမပိတ်သောကြောင့်
#ပေါက်ကွဲမှုဖြစ်
#ဟိုပုံးတန်ဆောင်တိုင်ပွဲတော်
#ပိတ်ပွဲည
#တစ်အိမ်သားလုံးပွဲသို့သွားနေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed