ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၄၊ ၂၀၂၄
ဆီဆိုင်မြို့နယ် နောင်လတ်ရွာမှ PNO ပြည်သူ့စစ်သားဟောင်းတစ်ဦး စစ်မှုထမ်းရန်ငြင်းဆိုသည့်အတွက် PNO အဖွဲ့မှပစ်သတ်ခဲ့ကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှ သိရသည်၊၊
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်အရှေ့ဘက် နောင်လတ်အရှေ့ရွာရှိ PNO ပြည်သူ့စစ်လုပ်ဖူးသူ ခွန်လှသိန်းအား PNO ပြည်သူ့စစ်မှယခုအပတ်အတွင်း စစ်မှုထမ်းရန်ငြင်းဆိုသည့်အတွက်ပစ်သတ်ခဲ့သည်၊၊
“ဒီအပတ်ထဲပဲပစ်သတ်ခံရတာ သူက PNO စစ်သားဟောင်းပဲ စစ်သားပြန်လုပ်ဖို့ သူတို့ပြန်ခေါ်တာမလိုက်လို့ဆိုပြီး ပစ်သတ်လိုက်တာလို့ပြောတယ်”ဟု ဒေသသတင်းအရင်းအမြစ်က ခမ်းသားငေါဝ်းကိုပြောသည်၊၊
ဆီဆိုင်မြို့နယ်တွင် စစ်မှုထမ်းရန် တချို့ကျေးရွာက လူငှားထည့်ခြင်းများရှိသလို မဲနိုက်ပြီးမဲပေါက်သူက စစ်မှုထမ်းနေရခြင်းများလည်းရှိပြီး PNO ပြည်သူထဲမိမိဆန္ဒလျောက် ဝင်ခဲ့ဖူးပြီး နားနေသည့်စစ်သားဟောင်းများကိုလည်း ပြန်လှည်ခေါ်ယူမှုရှိနေကြောင်း သိရသည်၊၊
PPV 001
ဓာတ်ပုံ-Crd
#ဘူ့အခွင့်အရေး
#ဆီဆိုင်မြို့နယ်
#နောင်လတ်ရွာ
#PNO
#ပြည်သူ့စစ်သားဟောင်း
#စစ်မှုထမ်းရန်ငြင်းဆို
#အဖွဲ့မှပစ်သတ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။