ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၁၊ ၂၀၂၄

မိုးဗြဲတွင် စစ်ကောင်စီဘက်မှ စစ်အင်အားအများအပြားဖြည့်တင်းနေပြီး စစ်ရေးအခြေအနေတင်းမာနေကြောင်း ရှေ့တန်းမြေပြင် အရင်းမြစ် တစ်ဦးထံမှ သိရသည်။

ရှမ်း-ကရင်နီ (ကယား) နယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီက ဖယ်ခုံမြို့မှ စစ်အင်အား ခန့်မှန်းခြေ တပ်သား ၄၀၀ ခန့် ရောက်ရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ရေးအခြေအနေတင်းမာနေသည်။

” ဖယ်ခုံဖက်က ဝင်လာတာ စုစုပေါင်းခန့်မှန်းခြေ အင်အား ၄၀၀ လောက်ရှိတယ်၊ စစ်ကောင်စီဖက်က အင်အားဖြည့်ပြီး စစ်ကြောင်းထိုးတာမျိုးလုပ်မယ်လို့ခန့်မှန်းရတယ်၊ စစ်ကြောင်းထိုးလာရင်တော့ တိုက်ပွဲ ပြန်စမယ့်အခြေအနေမျိုးရှိတယ်” လို့ ရှေ့တန်းမြေပြင် သတင်းရင်းမြစ်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်ရေးတင်းမာနေလျက်ရှိသော မိုးဗြဲမြို့ အနီးတစ်ဝိုက် တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေယာဥ်များ နေ့စဥ်ဝဲပျံနေ ခြင်း ကြောင့် ပြည်သူများစိုးရိမ်နေကြောင်းသိရသည်။

ဒေသခံပြည်သူတစ်ဦးက ” မိုးဗြဲ ၄၂၂ တပ် ကနေ လက်နက်ကြီးတွေ နေ့တိုင်းပစ်နေတယ်၊ လေယာဥ်လည်းနေ့တိုင်းဝဲနေတယ်၊ ဘယ်နေ့ဗုံးကြဲအုန်းမလဲမသိဘူး၊ လေယာဥ်သံကြားရတာ စိတ်မချမ်းသာလိုက်တာ” ဟုဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင်လည်း ဖယ်ခုံအနောက်ဖက်ရှိစစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ရှောင်ပြည်သူ တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် ဖယ်ခုံ၊ မိုးဗြဲ တို့တွင် စစ်အင်အားအမြောက်အများဖြည့်တင်းနေလျက်ရှိပြီး ပင်လောင်း-ဖယ်ခုံ- မိုးဗြဲ အထိလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြောင်းသိရသည်။

PPV003
ဓာတ်ပုံ-အွန်လိုင်း
#မိုးဗွဲ
#စစ်အင်အားအများ
#ဖြည့်တင်းနေ
#စစ်ရေးအခြေအနေတင်းမာနေ
#ဖယ်ခုံမြို့
#တော်လှန်ရေးတပ်ဖွဲ့များ
#စစ်ရေးအခြေအနေတင်းမာ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *