ခမ်းသားငေါဝ်း

နိုဝင်ဘာ ၁၉၊ ၂၀၂၄

ရှမ်းမြောက် TNLA ပူးပေါင်းတပ် ထိန်းချုပ်ထားသော နောင်ချိုမြို့နယ် အင်းဝိုင်းသကြားစက်ရုံကို စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုကြောင့်အမျိုးသား (၁)ဦး သေဆုံးသွားကြောင်း နိုဝင်ဘာလ(၁၉)ရက်တွင် သိရသည်။

စစ်ကောင်စီသည် နောင်ချိုမြို့ကို မကြာခဏ လေကြောင်း တိုက်ခိုက်မှုလုပ်နေပြီး နိုင်ဝင်ဘာ(၁၈) ရက်မှာလည်း ဆမ္မဆယ်ရွာရှိ သကြားစက်ရုံကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ရာ အမျိုးသား(၁)ဦး ‌သေဆုံးသည့်အပြင် အဆောက်အဦးပါ ပျက်စီးခဲ့ကြောင်း သိရသည်။

“သေဆုံးတဲ့သူက ကုမ္ပဏီက ဝန်ထမ်းလို့ကြားတယ်။ ပွဲချင်းပြီးပဲလို့ပြောတယ်။ တ‌အာင်းစစ်သားရှိတယ် ဆိုတဲ့ သတင်းကြောင့် ကျဲတာလို့ ပြောနေကြတယ်။ဖြစ်နိုင်ရင်‌လေ ရှောင်ဖို့မလွယ်တဲ့သူတွေဗုံးခိုကျင်းတူးထားစေချင်တယ်” ဟု ဖြစ်စဉ် သိရှိသူ တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် နိုဝင်ဘာ(၁၆)ရက်မှာလည်း နောင်ချို၊လုံစံ ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး(၁)ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#TNLA
#နောင်ချိုမြို့နယ်
#အင်းဝိုင်းသကြားစက်ရုံ
#လေကြောင်းတိုက်ခိုက်မှု
#ဆမ္မဆယ်ရွာ
#အဆောက်အဦးပါပျက်စီး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *