ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၆၊ ၂၀၂၄
ဆီဆိုင်နယ်တခွင်လုံး PNLA” ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမည်ဟု နိုဝင်ဘာ ၁၆ ရက်နေ့ ရက်စွဲဖြင့် Hsi-Hseng channel page မှသတင်းမှားဖြန့်ဝေနေကြောင်းသိရသည်။
ရှမ်းတောင်၊ဆီဆိုင်မြို့နယ် တခွင်လုံး (PNLA) စစ်ရေးလှုပ်ရှားသွားလာခွင့်မရှိ ဟန့်တားပြောဆိုသောဘယ်အဖွဲ့အစည်းကိုမဆို အပြတ်ရှင်းခံရလိမ့်မည်ဟု PNLA”ပြောရေးဆိုခွင့် ရှိသူ ခွန်ရိန်းယံထံမှ သိရသည် ဆိုပြီး သတင်းမှား ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
“အဲ page က ကျွန်တော့် ကိုဆက်သွယ် မေးမြန်းတာလည်းမရှိဘူး၊ အဲဒီ စကားကိုလည်းကျွန်တော်ပြောခဲ့တာမရှိဘူး”ဟု PNLA ပြောခွင့်ရ ခွန်ရိုန်းယံ ကခမ်းသားငေါဝ်းကိုပြောသည်။
ထို့အပြင် ထို Hsi-Hseng channel page သည် PNLA/PNLO page လည်းမဟုတ်သလို PNLA တပ်ဖွဲ့ နှင့်လည်းမသက်ဆိုင်ကြောင်းဆိုသည်။
PNLO/PNLA အကြောင်း နှင့်ပတ်သက်ပြီး PNLO/PNLAပြန်ကြားရေးမှ တရားဝင်ထုတ်ပြန်ခြင်းနှင့် ပြောရေးဆိုခွင့်ရှိသူ တရားဝင်ပြောဆိုခြင်းမှသာ တရားဝင်ကြောင်း သိရသည်။
လက်ရှိဆီဆိုင်မြို့တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ထို Hsi-Hseng channel page မှ မကြာခဏ သတင်းမှားဖြန့်ဝေခြင်းကြောင့်ပြည်သူများ သီးနှံသိုလှောင်ခြင်းမပြုလုပ်ရဲဘဲ ရသည့်စျေးဖြင့်အရှုံးနှင့်သာရောင်းချနေရကြောင်းသိရသည်။
ဆီဆိုင်မြိုတွင် တိုက်ပွဲငြိမ်နေသည့်အတွက် ပြည်သူများလည်း တန်ဆောင်မုန်းလပြည့်နေ့တွင် မြို့ဘုံကထိန်များကျင်းပနိုင်ကြပြီဖြစ်ကြောင်းသိရသည်။
လတ်သလောဆီဆိုင်မြို့ကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီးတိုက်ပွဲဖြစ်ရန်မရှိသေးသော်လည်း PNLA ဘက်မှ ကိုယ့်ကိုကိုယ် ကာကွယ်ရန် အဆင်သင့်အမြဲတမ်းပြင်ဆင်ထားကြောင်း ခွန်ရိန်းယံကဆက်ပြောသည်။
#ppv002
#သတင်းမှား
#ဝါဒဖြန့်
#hsihseng
#ကောလာဟလ
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။