ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၄၊ ၂၀၂၄

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသည့် စစ်‌ပြေး ဒုက္ခသည် စုစုပေါင်း (၆.၆) သန်းကျော်ထိရှိလာကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ‌လေ့လာရေး အင်စတီကျု ISP-Myanmar (Institute for strategy and policy Myanmar) ကနိုင်ဝင်ဘာ(၁၂)ရက်နေ့မှာ ဖော်ပြထားသည်။

ထိုပမာဏ၏ (၄၂) ရာခိုင်နှုန်းကျော်သည် စစ်ကိုင်းတိုင်းကဖြစ်ပြီး အရေအတွက်အားဖြင့် စစ်ပြေးဒုက္ခသည် (၂.၈) သန်းကျော် ပထမအများဆုံး ထွက်ပြေးနေရကြောင်း ဖော်ပြထားသည်။

ဒုတိယအများဆုံးဖြစ်သည့် ကရင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည် (၈)သိန်းကျော်ရှိကာ ရခိုင်ပြည်နယ်က တတိယအများဆုံး (၆)သိန်းကျော်ရှိကြောင်းနှင့် မကွေးတိုင်းနှင့် ရှမ်းပြည်နယ်မှာလည်း စစ်ပြေးဒုက္ခသည် (၄) သိန်းကျော်ရှိကြောင်း ဖော်ပြထားသည်။

စစ်ဆင်ရေး (၁၀၂၇) နောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း စစ်ပြေးဒုက္ခသည် (၂.၇)သန်းကျော် တိုးလာကြောင်းဖော်ပြထားသည်။

စစ်အာဏာသိမ်းမှုအလွန် စစ်ပြေးဒုက္ခသည် (၄၁)ရာခိုင်နှုန်းကျော်ရှိပြီး (၁၀၂၇)စစ်ဆင်ရေး နောက်ပိုင်းတွင် ရခိုင်ပြည်နယ်မှာ (၉၈) ရာခိုင်နှုန်းကျော် ရှမ်းပြည်နယ်မှာ (၈၃)ရာခိုင်နှုန်းကျော်၊ ကချင်ပြည်နယ်မှာ(၈၂) ရာခိုင်နှုန်းကျော်၊ မန္တလေးတိုင်းမှာ (၇၀) ရာခိုင်နှုန်းနီးပါးနှင့် တနင်္သာရီတိုင်းမှာ (၇၉) ရာခိုင်နှုန်းကျော်ထိ တိုးခဲ့ကြောင်း ဖော်ပြထားသည်။

(၁၀၂၇)စစ်ဆင်ရေး နောက်ပိုင်း နိုင်ငံတစ်ဝှမ်း အရပ်သားသေဆုံးမှု (၄၅၀၀)ကျော် ရှိပြီး ရခိုင်ပြည်နယ် ၊ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် မန္တလေးတိုင်းတို့မှာ အရပ်သားသေဆုံးမှု စံချိန်တင်မြင့်တက်လာကြောင်း ဖော်ပြထားသည်။

PPV0011
ပုံ-အွန်လိုင်းး
#လူ့အခွင့်အရေး
#အာဏာသိမ်းပြီးနောက်
#နိုင်ငံအနှံ့
#လက်နက်ကိုင်ပဋိပက္ခ
#နေရပ်စွန့်ခွာထွက်ပြေးရ
#စစ်‌ပြေးဒုက္ခသည်
#မြန်မာ့မဟာဗျူဟာနှင့်မူဝါဒ‌လေ့လာရေးအင်စတီကျု
#SP-Myanmar (Institute for strategy and policy Myanmar)
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *