ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၂၊ ၂၀၂၄

ရှမ်းပြည်နယ် တောင်ပိုင်းတွင် အိမ်ဌားခ ဈေးတက်မှုကြောင့် စစ်ဘေးရှောင်လာသူများ အခက်ခဲကြုံနေရကြောင်း နိုဝင်ဘာ(၁၂)ရက်တွင် စစ်ဘေးရှောင်များထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း၊ ရွှေညောင် တောင်ကြီးမြို့တွင် အိမ်ဌားခ ဈေးတက်လာမှုကြောင့် ရှမ်းမြောက် လားရှိုး မြို့နယ်နှင့် ကရင်နီ(ကယား)ပြည်နယ်တို့မှ စစ်ဘေးရှောင်များ စားဝတ်နေရေးအပြင် အိမ်ငှားရန်အတွက် ခက်ခဲနေကြောင်း သိရသည်။

” ကိုယ်ချင်းမစာလို့ ပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ အများစုက အဆင်မပြေကြတာများတယ်။ ငါတို့ဆို ပေါက်ဈေး(၃)သိန်းအိမ်ကို (၅)သိန်း မပေးရင် ပြောင်းပေးတဲ့၊ အဲ့လောက်ထိဖြစ်တာနော်” ဟု ရှမ်းမြောက်မှ တောင်ကြီးသို့ စစ်ဘေးရှောင်နေသူ တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ အောင်ပန်း၊ ညောင်ရွှေ၊ ရွှေညောင်နှင့် ဟဲဟိုးမြို့တွင်မှာ အရင်ကထက် အိမ်ဌားခ ပိုပြီး ဈေးများလာကြောင်း သိရသည်။

နောက်စစ်ဘေးရှောင်တစ်ဦးကလည်း “တချို့ဆို ကြားထဲက လုပ်စားတာလည်းရှိတယ်။ လက်ရှိငါတို့နေ နေတဲ့အိမ်ဆို မီးလည်းမရဘူး။ မီးလည်း ကိုယ့်ဟာကိုယ်ပြင်တဲ့။ ဈေးက (၅)သိန်းခွဲ တပြားမှ မလျော့ဘူး”ဟု ခမ်းသားငေါဝ်းကို ပြောသည်။

ရှမ်းမြောက် (၁၀၂၇)စစ်ဆင်ရေး ဒုတိယလိုင်းကစပြီး ရှမ်းမြောက်က စစ်ဘေးရှောင်များ ရှမ်းတောင်သို့ အများစု ရှောင်ကြပြီး ရှမ်းတောင်က ဒေသခံများသည်လည်း စစ်ရှောင်သူများကို များစွာ ကူညီဆောင်ရွက်ပေးကြောင်း၊ ထိုအတွက် ကျေးဇူးတင်ကြောင်းနှင့် တချို့လည်း အခွင့်ကောင်းယူပြီး မတန်မရာလုပ်စားတာ ရှိနေသေးကြောင်း ၎င်းက ဆက်ပြောသည်။

ရှမ်း‌ပြည်နယ်တောင်ပိုင်းတွင် လက်ရှိ ရှမ်းမြောက် လားရှိုး၊ သီပေါ၊ သိန္နီ၊ နောင်ချို၊ ကျောက်မဲနှင့် ကယားပြည်နယ် လွိုင်ကော်၊ ဒီမောဆို၊ မရူဆို စသည့်မြို့မှ စစ်ရှောင်သူများ ဌားရမ်းနေထိုင်နေကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-ခမ်းသားငေါဝ်း
#လူ့အခွင့်အရေး
#အောင်ပန်း
#ရွှေညောင်
#တောင်ကြီး
#အိမ်ဌားခဈေးတက်
#ရှမ်းမြောက်
#လားရှိုးမြို့နယ်
#ကယားပြည်နယ်
#စစ်ဘေးရှောင်များ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *