ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၂၊ ၂၀၂၄
ဖယ်ခုံအနောက်ဖက်ခြမ်းရှိ ကျေးရွာများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရိတ်ထားသောစပါးများ ရေစီးနှင့်အတူမျောပါပျက်စီးသွားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအနောက်ဖက်ခြမ်းရှိကျေးရွာများတွင် ပြီးခဲ့သော ရက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းခဲ့ကာ ရိတ်ထားသောစပါးများ တောင်ကျရေစီးနှင့်အတူ မျောပါပျက်စီးသွားသည်။
” မိုးကသုံးလေးရက်လောက်ဆက်တိုက် ရွာနေတော့ တောင်ကျရေကမြင့်လာတယ်၊ အဲ့မှာ ရိတ်ထားတဲ့စပါးတွေအကုန်မျောပါသွားတယ် ၊ ပြန်လိုက်ဆယ်လို့လည်းမရဘူး” လို့ ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ရေကြီးရေလျှံမှုအတွင်း စပါးအကုန်ပျက်စီးသွားကြောင့် ပြည်သူများစားဝတ်နေရေးအတွက် စိတ်ပူနေကြကြောင်းသိရသည်။
စပါးစိုက်ပျိုးနေသူ အမျိုးသမီးတစ်ဦးကလည်း” အရင်ခါရေကြီးတုန်းကလည်း စပါးတော်တော်ပျက်သွားတယ်၊ ဒီနဲနဲလေးကျန်တဲ့စပါးလေးကိုအားကိုးနေတာ၊ ရိတ်ပြီးတာနဲ့ မိုးကရွာရေကကြီးပြန်တော့ ထပ်ပျက်သွားပြန်ပြီ၊ ဘာနဲ့စားရတော့မလည်းမသိဘူး၊ ဒီနှစ်ကတော်တော်ဒုက္ခရောက်တဲ့ နှစ်ပဲ” ဟုဆိုသည်။
ပြီးခဲ့သောစက်တင်ဘာလအတွင်း ရေကြီးရေလျှံ၊ တောင်ပြိုမှုများကြောင့်လည်း ဖယ်ခုံအနောက်ဘက်ခြမ်းတွင် တောင်ယာစိုက်ခင်း ဧက အမြောက်အများ ပျက်စီးသွားခဲ့ရသည်။
PPV 003
ဓာတ်ပုံ-အွန်လိုင်း
#သဘာဝဘေး
#ဖယ်ခုံအနောက်ဖက်ခြမ်းရှိကျေးရွာများ
#မိုးအဆက်မပြတ်ရွာသွန်း
#ရိတ်ထားသောစပါးများ
#တောင်ကျရေစီး
#မျောပါပျက်စီး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။