The People’s Voice – ခမ်းသားငေါဝ်း
အချက်အလက်စစ်ဆေးခြင်း

ရှမ်းပြည်နယ် မြောက်ပိုင်း TNLA ထိန်းချုပ်ထားသည့်ဒေသကုန်ပစ္စည်း ပိတ်ဆို့ထားခြင်းကြောင်း တအာင်းဒေသရှိ ပင်လောင်လူမျိုးသည် ငတ်နေပြီးဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းမှားဖြန့်ဝေ နေသည်။

စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့် ချန်နယ် ဖြစ်သည့် “Kyaw Swar” ချန်နယ်မှ နိုဝင်ဘာ ၇ရက်နေ့တွင် ဖြန့်ဝေထားပြီး

“ပလောင်ငတ်နေပြီး ဘာပစ္စည်းမှ ရှမ်းမြောက်ကိုမရောက်စေနဲ့။ လခရ တပ်ဖွဲ့ဝင်များ ပစွစည်းအကုန်သိမ်းပါ။ ကားနဲ့လူ ပြန်လွှတ်ပေးလိုက် ။ ရခိုင်နဲ့ယော ဒေသလည်း ပစ္စည်း အကုန်သိမ်း၊ လူနဲ့ကား ပြန်လွှတ်ပေးလိုက်ပါ။ ငွေမတောင်းပါနဲ့ အသေချာ ဆုံးတစ်ခုကတော့ ပလောင်ငတ်နေပြီး”ဟု ရေးသားဖြန့်ဝေထားပါသည်။

ဤသတင်းအမှားကိုအချက်အလက်စစ်ဆေးသည့်အချိန်တွင် ကြည့်ရှုသူ ၄၀,၀၀၀ ကျော် ရှိနေသည့်အပြင် ဤသတင်းကို အလားတူ စစ်ကောင်စီဝါဒဖြန့် ချန်ချိ သည့် “ရွှေနေကြာ” တယ်လီဂရမ်တွင် ဖြန့်ဝေထားပါသည်။

သတင်းမှားဖြန့်ဝေသည့် မူရင်းလင့် -https://archive.ph/tz6IN

ဆက်စပ် သတင်းအမှားလင့် -https://archive.ph/8PAPs

အထက်ပါ သတင်းအမှားကို ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးသည့် အဖွဲ့မှ စစ်စိသည့်အခါ ဤသတင်းသည် တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်ပိတ်ခြင်းပေါ် အခွင့်ကောင်းယူ၍ လူမျိုးရေး ခွဲခြားမှုနှင့် လူများ၏ အသက်ရှင်သန်ခွင့်ကို စိုးရိမ်ကြောင့်ကြစေရန် ရည်ရွယ်ချက်ဖြင့် သတင်းတု သတင်းမှားဖြန့် ဝေခြင်းဖြစ်ကြောင်းတွေ့ရသည်။
ထို့အပြင် ပြည်သူများ၏ အခက်အခဲများကို စာနာသောအားဖြင့် PSLF/TNLA မှ တအာင်းဒေသအတွင်း သွင်းကုန်အပေါ် အခွန်ကင်းလွတ်ခွင့်ပြု ပေးခြင်းကို TNLA မှထုတ်ပြန်သည့်အပေါ် ထင်ယောင်ထင်မှားဖြစ်စေခြင်းဖြစ်သည်။

သတင်းစီစစ်ချက်

Google တွင်” တရုတ်၏ နယ်စပ်ဂိတ် ပိတ်”
ဟု ရှာဖွေကြည့်ရာ RFA နှင့် VOA သတင်းဌာနများ၌ သတင်းရေးသားဖော်ပြထားသည်။

RFA သတင်းဌာနတွင် “ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ဩဂုတ်လကုန်ပိုင်းကစလို့ နယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံက ပိတ်လိုက်သလို စစ်ကောင်စီဘက်ကလည်း လမ်းကြောင်းတွေကို ပိတ်ဆို့ထားတာကြောင့် ဆေးဝါးနဲ့ ကုန်ပစ္စည်းပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရကြောင်း”ကိုရှမ်းမြောက်ဒေသခံတစ်ဦး၏ ပြောစကား ဖြင့်ရေးသားဖော်ပြထားသည်။

RFA သတင်းဌာန -https://archive.ph/mE9zJ

အလားတူ VOA သတင်းဌာနတွင် -“တရုတ်နိုင်ငံ ယူနန်အစိုးရက မြန်မာနဲ့ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကို ပိတ်လိုက်ပြီးနောက်ပိုင်း ကချင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက နယ်စပ်မြို့တွေမှာ လူသုံးကုန်နဲ့ စားသောက်ကုန်တွေ ရှားပါး၊ ပြတ်လပ်နေကြောင်း “ဒေသခံတစ်ဦး၏ ပြောကြားချက် ကိုရေးသားဖော်ပြထားသည်။

VOA သတင်းဌာန- https://archive.ph/LFgnh

ပြည်သူများ၏ အခက်အခဲများကို စာနာသောအားဖြင့် PSLF/TNLA မှ တအာင်းပြည်အတွင်း သွင်းကုန်အပေါ် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်းကိုလည်း “Western New” သတင်းဌာနတွင်ဖတ်ရှုနိုင်ပါသည်။

Western New သတင်းဌာန- https://archive.ph/OhHV2

သုံးသပ်ချက်

ရှမ်းမြောက်၊ တရုတ်-မြန်မာနယ်စပ်များကို တရုတ်နိုင်ငံက ပိတ်လိုက်သလို စစ်ကောင်စီ ဘက်ကလည်း လမ်းကြောင်းများကို ပိတ်ဆို့ထားခြင်းကြောင့် လောင်စာဆီ အပါအဝင် စားသုံးဆီ၊ ဆေးဝါးနဲ့ ကြာရှည်ခံသည့် စားသောက်ကုန်များ တင်သွင်းခွင့်ပိတ်ခြင်းကြောင့် TNLA ထိန်းချုပ်ထားသည့် နေရာတခုတည်း မဟုတ်ဘဲ မြန်မာနိုင်ငံနေရာအနှံ့အပြား၌ အခက်အခဲပေါင်းစုံကြုံရသည်။
စားသောက်ကုန်ပစ္စည်းများအား ပိတ်ဆို့ထားလျှင် TNLA ထိန်းချုပ် ထားသည့် တအာင်းဒေသရှိ ပင်လောင်လူမျိုးသည် ငတ်နေပြီးဟု မမှန်မကန် လုပ်ကြံဖန်တီးထားသော အကြောင်းအရာသာဖြစ်သည်။
တအာင်းတပ် TNLA ထိန်းချုပ်ဒေသတွင် တအာင်းလူမျိုးတမျိုးတည်းရှိခြင်းမဟုတ်ဘဲ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည့်အတွက် မန္တလေးမှ တအာင်းဒေသကို တင်သွင်းမည့်သွင်းကုန်များ အခွန်ကင်း လွတ်ခွင့်ပေးထားသည်။

ထို့အပြင် စစ်ကောင်စီက တရုတ်နိုင်ငံခရီးစဉ်၏ အကြောင်းပြချက်ကို စစ်ကောင်စီဝါဒဖြန် သူများက အခွင့်ကောင်းယူပြီး သတင်းမှားဖြန့်ဝေနေခြင်းဖြစ်သည်။

ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် ဆိုရှယ်မီဒီယာခေတ် အကြောင်းအရာ တစ်ခု ကို ပုံဖျက်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ကိုယ်ကျိုးရှာရန် အတွက် ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားများ ကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြပါသဖြင့် ကိုယ်ကိုတိုင်း သတင်းများကို (ရှယ်သင့်မရှယ်သင့်) ဝေဖန်သုံးသပ်ပြီး သတင်းများဖတ်ရှုသင့်ကြောင်း သတိပေးလို့ပါသည်။

You missed