ခမ်းသားငေါဝ်း
ဇူလိုင်လ ၂၆၊၂၀၂၃
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ(၁)လအတွင်း စစ်ကောင်စီတပ်သား ၄၁၇ဦးသေဆုံးပြီး လက်နက်အများအပြားသိမ်းဆည်းရမိကြောင်း ဇူလိုင် ၂၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။
စစ်ဒေသ(၁)နယ်မြေများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊မန္တလေးတိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် တိုက်ပွဲပေါင်း ၃၇၄ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၅၂၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုထားပါသည်။
ယင်းတိုက်ပွဲပေါင်း ၃၇၄ကြိမ်အနက် တော်လှန်
ရေးအင်အားစုနှင့် ထိတွေ့တိုက်ပွဲ ၁၀၃
ကြိမ်၊ ပစ်ခတ်တိုက်ခိုက်မှု ၁၂၅ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၇၄ ကြိမ်၊ ဒရုန်းဖြင့်ပစ်ခတ်တိုက်
ခိုက်မှု ၄၆ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်မှလေကြောင်းတိုက်ခိုက်မှု ၂၆ကြိမ်ရှိခဲ့ကြောင်း သိရသည်။
ရန်သူ့ထံမှ လက်နက်မျိုးစုံ (၄၈) ခု၊ ဒရုန်း (၂၅)ခု၊ဗုံးသီး (၂၁၀)၊ ကျည် (၁၃၉၈၉) နှင့် မိုင်း(၇၇)လုံး
များအား သိမ်းဆည်းရမိကြောင်း ဖော်ပြထား
သည်။
တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၄၇ ဦးကျဆုံးခဲ့ပြီး ၁၄၃ ဦးထိခိုက်ဒဏ်ရာရှိရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖ နှင့် EROs ပူးပေါင်းတပ်ဖွဲ့များ ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed