ခမ်းသားငေါဝ်း
နိုဝင်ဘာ ၉၊ ၂၀၂၄
လွိုင်ကော်မြို့တွင် စစ်ကောင်စီက အမျိုးသားများအား စစ်မှုထမ်းခေါ်ယူနေ ကြောင်း စစ်ရှောင်နေသူ ဒေသခံအမျိုးသားတစ်ဦးထံမှသိရသည်။
ကရင်နီ( ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင်း နေထိုင်နေသည့် အသက် ၃၀ မှ ၅၀ နှစ်ကြားအမျိုးသားများအား အောက်တိုဘာလမှစတင်ပြီး ပြည်သူ့လုံခြုံရေးအတွက်ဆိုကာ စစ်မှုထမ်းခေါ်ယူနေသည်။
” သူတို့ ( စစ်ကောင်စီ) ကရပ်ကွက်လုံခြုံရေးအတွက် ဆိုပြီး ပြည်သူ့စစ်ပုံစံမျိုးဖွဲ့မယ်လို့ပြောတယ်၊ အဲ့ဒါ သူတို့ထိန်းချုပ်တဲ့မြို့ပဲလေ၊ ဘာမှပြောလို့ရလိုက်မှာမဟုတ်ဘူး ခေါ်တာနဲ့ တန်းသွားရမှာပဲ” ဟု စစ်ရှောင်နေသူ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
စစ်ကောင်စီကစစ်မှုထမ်းခေါ်ယူနေသောကြောင့် အမျိုးသားအချို့တိမ်းရှောင်နေရကြောင်းသိရသည်။
” တစ်ချို့ ယောက်ျားလေးတွေကတော့ပြန်ပြေးနေကြပြီ၊ စစ်ကောင်စီက ပြည်သူ့လုံခြုံရေးလို့သာပြောတာ လိုအပ်ရင်ရှေ့တန်းပါသွားခိုင်းမှာပဲ၊ အစကတည်းက လွိုင်ကော်မြို့ အေးချမ်းတည်ငြိမ်ပြီး ပြန်လာနေလို့ရပြီလို့ စစ်ကောင်စီက ဝါဒဖြန့်တာတွေကိုမယုံဖို့လိုတယ်၊ အခုတော့နောက်တစ်ခါပြန်ပြေးတော့ ဒုက္ခပိုရောက်ရတာပေါ့ ” ဟု ၎င်း ကဆက်ပြောသည်။
စစ်ကောင်စီက လွိုင်ကော်မြို့ ရပ်ကွက်တော်တော်များများကို ပြန်လည်ထိန်းချုပ်ထားနေပြီး စစ်အင်အားဖြည့်တင်းမှုများဆက်လက်ပြုလုပ်နေကြောင်းသိရသည်။
photo online
#PPV 003
#Humanright
#လွိုင်ကော်
#ပြည်သူ့စစ်
#WhatHappenInMyanmar
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။