ခမ်းသားငေါဝ်း
နိုဝင်ဘာ ၇၊ ၂၀၂၄

တွေ့ဆုံမေးမြန်းခြင်း

စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ဟာ တကယ်အနှစ်သာရ အစစ်အမှန်မရှိတဲ့ ရိုးရာမီးပုံးပျံ ပြိုင်ပွဲလို့ စစ်အာဏာရှင် တော်လှန်ရေးလုပ်နေတဲ့ တောင်ကြီးသား မီးပုံးပျံပညာရှင် မီးပုံးပျံဆရာ ရဲဘော်တစ်ဦးက ပြောဆိုလိုက်ပါတယ်။ ၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင် တိုင်ပွဲကို နိုဝင်ဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပဖို့ စစ်ကောင်စီက စီစဉ်ထားပါတယ်။

ယခုနှစ် မီးပုံးပျံပြိုင်ပွဲမှာ ညမီးကြီး ၂၆ လုံးနဲ့ စိန်နားပန် ၂၁ လုံး စုစုပေါင်း ၄၇ လုံးလွတ်တင်မယ်လို့ ကြေ ညာထားပြီး အဲဒီမီးပုံးပျံတွေဟာ ဌာနဆိုင်ရာတွေ၊ ကုမ္ပဏီတွေနဲ့ ယဉ်ကျေးမှူအဖွဲ့အစည်းတွေရဲ့ စပွန်ဆာ ပေးထားတဲ့ မီးပုံးပျံအများစုဖြစ်နေတာကို တွေ့ရပါတယ်။

စစ်တပ်ဟာ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ မီးပုံးပျံပြု လုပ်သည့် ပညာရှင်များ မီးဆရာများကို လိုက်လံဖမ်းဆီးမှုများပြုလုပ်ခဲ့တဲ့အတွက် ထွက်ပြေး ထိမ်းရှောင် နေခဲ့ရ မီးပုံးပျံပညာရှင်နဲ့ မီးဆရာအပြားအများရှိသလို စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံနေရတဲ့ ပီးပုံးပျံပညာရှင် တွေ မီးဆရာတွေလည်း ရှိနေပါတယ်။

စစ်အာဏာရှင်စနစ်မကျရောက်ခင်နဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဦးဆောင်ကျင်းပတဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဟာ ဘယ်လိုပုံစံတွေကွာခြားသွားသလဲ ဆိုတာနဲ့ပတ်သက်ပြီး စစ်အာဏာ ရှင်တော်လှန်ရေးလုပ်နေတဲ့ တောင်ကြီးသား မီးပုံးပျံဆရာ ရဲဘော်တစ်ဦးနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး။ ။ လက်ရှိ စစ်ကောင်စီကျင်းပနေတဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်နဲ့ ယခင် အဆက် ဆက်လုပ်လာတဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲနဲ့က ဘာကွာခြားသလဲ။

ဖြေ။ ။ အများကြီးကွာခြားတယ် အဲပွဲတွေက ယခင်ကလုပ်လာတဲ့ပွဲတော်က ရိုးရာကို ဆက်လက် ထိန်းသိမ်း ချင်တဲ့လူငယ်တွေ၊ အဲလိုမျိုးလူကြီးပိုင်းတွေ ရိုးရာအစစ်အမှန်ကိုချစ်မြတ်နိုးတဲ့သူတွေ အများကြီးရှိတာပေါ့။ အခုရိုးရာထက် ငွေကြေးကိုမြင်ပြီး လုပ်တဲ့လူကခပ်များများပေါ့။ ခပ်များများဆိုတာထက် အကုန်လုံးနီး ပါးပါပဲ။ လက်ရှိ စစ်ကောင်စီကျင်းပနေတဲ့ ပွဲတော်က သူတို့ထုတ်ပေးတဲ့ငွေကြေးနဲ့လုပ်နေတာဆို‌တော့ အရင်ကဆို ကိုယ်ပိုင်ငွေကြေးနဲ့လုပ်တာဆိုတော့ အခုစစ်ကောင်စီ ပိုက်ဆံနဲ့လုပ်တဲ့လူက ရှင်းရှင်းပြောရင် မီးပုံးပျံပွဲကိုချနင်းသလိုပဲ ရိုးရာအစစ်အမှန်မရှိဘူးပေါ့ကွာ ဆိုလိုတာကတော့ သူတို့တွေ ပိုက်ဆံတစ်ခု ပဲကြည့်ပြီးမှ ပွဲတော်အနှစ်သာရမရှိဘူးလို့ပဲမြင်ပါတယ်။

မေး။ ။ ပွဲတော်ရဲ့ အနှစ်သာရက ယခင်နဲ့ ယခု ဘာကွာသလဲ။ ယခင်က ဘယ်လိုပုံစံလဲ။ အခုကော ဘာတွေ ပြောင်းလဲသွားသလဲ။

ဖြေ။ ။ ပွဲတော်ရဲ့အနှစ်သာရက အများကြီးကွာသွားတယ်။ အရင်က ကိုယ်တွေလုပ်တဲ့ချိန်က ရိုးရာ အစစ်အမှန်ကိုအခြေခံရတယ်။ စည်းစည်းလုံးလုံး သိုက်သိုက်ဝန်းဝန်းနဲ့လုပ်ဆောင်ကြရတယ်။ အခုကျတော့ ငွေကြေးတစ်ခုကို အခြေခံပြီးလုပ်ကြတာများတယ်။ ကိုယ်တွေငယ်ငယ်တုန်းက လုပ်တဲ့ပုံစံကတော့ ပစ္စည်းတွေစုဆောင်း ငွေတွေအလုံးလိုက်မတတ်နိုင်တော့ ဖြည်းဖြည်းချင်းစုဆောင်းပြီးလုပ်ဆောင်ကြရတယ် အဲတာမှ ပိုပြီးလည်း တောင်ကြီးသားတွေစည်းလုံးကြတယ်။ ဗုံသံကြားရင်မနေနိုင်တဲ့ တောင်ကြီးသားတွေ ဟာ မီးပုံပျံပွဲအတွက် ထမင်းမေ့ ဟင်းမေ့နဲ့ လုပ်ကြတဲ့သူတွေပါ။

မေး။ ။ စစ်တပ်အာဏာသိမ်းပြီးတော့ တောင်ကြီးမြို့မှာရှိတဲ့ မီးပုံးပျံပညာရှင်။ မီးဆရာတွေကို လိုက်လံ ဖမ်းဆီးတာ လုပ်ခဲ့လို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတွေ ဘယ်လောက်များသလဲ။ သူတို့က ဘာအပြစ်တွေရှိ ခဲ့လို့ လိုက်လံဖမ်းဆီးနေသလဲ။

ဖြေ။ ။ အာဏာသိမ်းပြီးတော့ တောင်ကြီးမြို့မှာရှိတဲ့ မီးပုံးပျံပညာရှင်တွေ၊ မီးဆရာတွေ လိုက်ဖမ်းတာ တွေလုပ်လို့ တိမ်းရှောင်ရတာတွေအများကြီး တော်တော်များတယ်။ သူတို့ကဘာအပြစ်ရှိလည်းဆိုတော့ အပြစ်ကတော့ ကိုယ့်အနေနဲ့တိတိကျကျမသိဘူး စစ်ကောင်စီကသူတို့တပ်ချင်တဲ့ပုဒ်မနဲ့ တပ်ပြီးဖမ်းကြတာ။ တချို့ကသွေးထိုးခံရတာတွေ ဒလန်ကြောင့်ဖမ်းဆီးခံရတာတွေအများကြီးပေါ့ သူတို့ကအပြစ်မရှိလည်း ပုဒ်မတပ်ခံရတာတွေ အများကြီးဘဲ။ အမြင်မကြည်လို့ သွေးထိုးခံရတဲ့လူတွေ ခပ်များများလို့ထင်ပါတယ်။ တကယ်တမ်းတော့ အပြစ်က သူတို့တပ်တဲ့ပုဒ်မနဲ့ဘဲ အပြစ်က ပိုကြီးသွားတာပေါ့။

မေး။ ။ ယခုနှစ်မှာဆိုရင် မီးပုံးပျံတွေဟာ များသောအားဖြင့် ကုမ္မဏီတွေ၊ ဌာနဆိုင်ရာတွေပဲ ဝင်ပြိုင် သလိုဖြစ်နေတာတွေ့ရတယ်။ ဒါရိုးရာမီးပုံးပျံ ပြိုင်ပွဲတွေလို့ သတ်မှတ်လို့ရလား။ ဘယ်လို ထင်ပါသလဲ။

ဖြေ။ ။ ဒါရိုးရာမီးပုံးပျံပြိုင်ပွဲသတ်မှတ်လို့ရလားဆိုတော့ မီးပုံးပျံသမားတစ်ယောက်အမြင်အနေနဲ့တော့ ရိုးရာလို့မသတ်မှတ်ပါဘူး။ ကြာပါပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ဒါတွေက ကိုယ်တွေ အတွက် ရိုးရာလို့မသတ်မှတ်ပါဘူး။ ရိုးရာလို့သတ်မှတ်တယ်ဆိုရင် အဲရိုးရာ မီးပုံးပျံလုပ်တဲ့ လူငယ်တွေ မီးဆရာတွေ တကယ့်အစစ်အမှန်တွေဆိုရင်သိတယ်။ တချို့မြို့ပေါ်မှာရှိတဲ့သူတွေကလည်း ရိုးရာကို အပေါ်ယံလောက်ပဲနားလည်တာလေ။ တကယ်တမ်းလုပ်ဆောင်တဲ့မီးဆရာတွေ လူငယ်တွေက ဒီရိုးရာကို သူတို့အသွေးအသားထဲမှာရှိပြီးသားလေ အသွေးအသားထဲမှာရှိနေတော့ အပေါ်ယံနဲ့ သတ်မှတ်လို့မရဘူး။
အခုနှစ်လိုမျိုးက ကုမ္မဏီတွေ ဌာနဆိုင်ရာတွေလုပ်နေတာက သူတို့စစ်ကောင်စီရဲ့ဖိအားပေးမှု ပါချင် လည်းပါမှာပေါ့။ တချို့ကလည်း ပိုတ်ဆံပေါလို့လုပ်တာလည်းဖြစ်ချင်ဖြစ်မှာပေါ့။ ကျွန်တော်အနေနဲ့ကတော့ ရိုးရာလို့မသတ်မှတ်ပါဘူး။ ရိုးရာဆိုရင် ရိုးရာလိုမျိုး ရိုးရာအရသာ ပြည့်ပြည့်ဝဝ ရှိမှ ရိုးရာလို့သတ်မှတ်တာ။ ဒီဟာကြီးကရုပ်ဆိုးအကျည်းတန်တာပေါ့ ရိုးရာအစစ်အမှန်မဟုတ်တော့ ကိုယ်တို့အနေနဲ့လည်း အဆင်ပြေ ပါဘူး ကြည့်လိုလည်းမလှပါဘူး။ လုပ်ဆောင်ချက် ဘယ်လောက်ပဲကောင်းနေပါစေ ဘယ်လောက်လှနေပါစေ အမိန့်နဲ့ ဖိအားနဲ့ လုပ်ဆောင်နေတဲ့ ပွဲဟာ ကျွန်တော်အနေနဲ့ရိုးရာလို့မသတ်မှတ်ပါဘူး။

မေး။ ။ နောင်တချိန်ကြရင် ဟိုးယခင်လိုမျိုး တောင်ကြီးတန်ဆောင်တိုင်ကို ကမ္ဘာကျော်တဲ့အထိ ပြန်လည် ကျင်းပနိုင်ဖို့ အလားအလာရှိပါသလား။ ဘယ်လိုထင်ပါသလဲ။

ဖြေ။ ။ ဒါကတော့ရှိတာပေါ့ ဟိုးအရင်တုန်းက တောင်ကြီးတန်ဆောင်တိုင်ကို ကမ္ဘာကျော်တဲ့အထိ ပြန်လည် ကျင်းပနိုင်ဖို့ အလားလာက ကျွန်တော်တို့လူငယ်တွေပေါ်တာဝန် အများကြီးရှိတယ်။ ထွက်ပြေးတိမ်း ရှောင်နေရတဲ့မီးဆရာတွေလည်းအများကြီးရှိတယ်။ လုပ်ဆောင်ရမှာက ပညာရှင်အသင်းတွေထဲမှာ အမှိုက်ပုံးလိုဖြစ်နေတာလည်း ဆွဲထုတ်ရမဲ့ဟာတွေလည်း အများကြီးရှိတယ်။ ကမ္ဘာကျော်အောင်လုပ်ဖို့က ကျွန်တော်တို့ လူငယ်တွေအပေါ်မှာပဲမူတည်တာလေ။

မေး။ ။ တောင်ကြီးသားတွေဟာ မီးပုံးပျံနဲ့ ပတ်သက်ရင် သွေးသားထဲအထိ ဝါသနာပါကြတယ်။ တီတွင် ကြံဆမှုအသစ်အသစ်တွေလည်းရှိကြတယ်။ ဒီဟာနဲ့ပတ်သက်ပြီး စစ်ကောင်စီလုပ်ခဲ့တဲ့ပွဲတွေမှာ တွေ့ရှိရ သလား ဘယ်လိုမြင်တွေ့ရသလဲ။

ဖြေ။ ။ ကိုယ်ကပွဲခင်းကနေ ထိုင်ပြီးကြည့်ရတဲ့သူမဟုတ်တော့ တောတွင်းတစ်နေရာကနေ ကိုယ်ဝါသနာအရ ဒီပိုးကြီးကရှိနေသေးတော့ တက်လာတော့ ကြည့်မိတာပေါ့ မဆိုးဘူးပဲလုပ်ထားတာကပေါ့။ လုပ်တဲ့လူလည်း မလုပ်ချင်ဘဲလုပ်ရတဲ့လူတွေပါသလို ပိုတ်ဆံကြောင့် လုပ်တဲ့လူတွေခပ်များများ ဆိုတော့ပြီးတော့ ပြောလို့ လည်းသိပ်မကောင်းပါဘူး အဲလိုနေရာတွေကတော့။ အသွေး အသားထဲထိ မီးပုံးပျံကိုဝါသနာပါကြတာ ဆိုတာက တောင်ကြီးသားတိုင်းပါပဲ။
ပြီးတော့ အောက်ပြည်အောက်ရွာကနေ လာပြီး လာလုပ်တဲ့သူတွေလည်း အများကြီးပါ ဟုတ်မဟုတ်ဆိုတာ အောက်ပြည်အောက်ရွာကနေ ပြောင်းလာပြီးတော့ တောင်ကြီးသားမဟုတ်ပေမယ့် တောင်ကြီးသား အဖြစ်ခံယူပြီးလုပ်တဲ့သူတွေတွေ့ရပါတယ်။ သူတို့ရဲ့တီတွင်ကြံဆမှုတွေလည်းရှိ‌ကောင်းရှိလိမ့်မယ် ပုံတူကူး ချတာ ခပ်များများပေါ့ ရှင်းရှင်းပြောရရင်ပေါ့။ ကိုယ်အမြင်အနေနဲ့တော့အဲလိုမျိုး နည်းနည်းလေး သွေးသား ထဲအထိဝါသနာမပါကြဘူး ကိုယ်တို့လူမျိုးကတော့ တောင်ကြီးမှာမွေး တောင်ကြီးမှာကြီးတော့ မီးပုံးပျံကို အသွေးအသားထဲထိ ဝါသနာပါတယ်။ ကိုယ့်ဘဝလိုတောင်မှတ်ယူ လို့ရတယ်။ မီးပုံးပျံလုပ်နေရရင် ထမင်းမေ့ ဟင်းမေ့ မိဘတွေ အိမ်ပေါ်ကနေနင်ထုတ်ဆင်းရတဲ့အခါတွေလည်း အများကြီးကြုံရတယ်။ ရှင်းရှင်းပြောရင် မီးပုံးပျံလုပ်တဲ့ သက်တမ်းတစ်လျှောက်လုံး အိမ်မှာမနေရဘူး။ ဒါပေမယ့် အခုလိုစစ်ကောင်စီလုပ်တဲ့ ပွဲလိုမျိုးဆိုရင် ကိုယ်တွေ ပျော်ပါးခဲ့တဲ့အချိန်ကို ပြန်မြင်ယောင်ကြည့်လိုက် ကိုယ်တွေရဲ့အတူတူ လုပ်ဖူးတဲ့ ညီကိုတွေကိုလည်း အမှတ်ရတာပေါ့ သတိရတာပေါ့ ဒါတွေကခေတ်ကောင်း ခေတ်သစ်တစ်ခေတ်မှာ ဒီလိုတွေ ပြန်ရှိလာမှာပေါ့။ ပြောရင်းနဲ့ စိတ်တောင်မကောင်းပါဘူး။ အခုလိုလုပ်နေတာတွေမြင်နေရတာ အဆင်မပြေပါဘူးဗျား ။

မေး။ ။တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်လို့ ပြောရင် အပြောချင်ဆုံးစကားက ဘာဖြစ်မလဲ။

ဖြေ။ ။ ပြောချင်ဆုံးစကားကတော့ ညီအကိုတွေ သူငယ်ချင်းတွေကိုတော့ အရင်လို တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲမှာ အတူတူစုံပြီးတော့ မီးပုံးပျံတူတူလုပ်ချင်သေးတာပေါ့ တူတူလည်ချင်သေးတယ်။ ပွဲခင်းမှာ စာလာအိတ်ဝယ်ပြီး မီးပုံးပျံထိုင်ကြည့်တာတွေ ပြီးရင်မုန်းဟင်းခါးစားတာတွေ ပွဲခင်းထဲ ပတ်လည်တာတွေ ပွဲရဲ့အရသာကို အတူတူခံစားချင်သေးတာပေါ့။ ဘာလိုဆိုရင် မီးပုံးပျံမကုန်မချင်း ထိုင်ကြည့်ရတဲ့အရသာတွေ မီးပုံးပျံညမှာ ဘယ်အဖွဲ့ကလွတ်မယ် စတာတွေကြည့်ပြီးစောင့်ရတဲ့အရသာတွေ ပြန်လိုချင်သေးတယ်။ ကိုယ်က ငယ်ငယ်က တောင်ကြီးမှာပဲ နှစ်ပေါင်း ၃၀ နီးပါးလောက် လည်ဖူးလာ တဲ့သူ၊ ငယ်ငယ်ကတည်း မီးပုံးပျံလုပ်လာတဲ့သူဆိုတော့။ ဒီဟာတွေက အသွေးအသားထဲမှာရှိပြီးသားဆိုတော့ ညီကိုတွေနဲ့ တောင်ကြီးသူတောင်ကြီးသားတွေနဲ့ တန်ဆောင်တိုင်ကွင်း အဝေရာကွင်းမှာ ပြန်ဆုံချင်သေး တယ်။ ဒီစစ်အာဏာရှင်စနစ်အောက်ကနေ ရုန်းထွက်နိုင်ဖို့ ရုန်းကန်နေတဲ့ပြည်သူတွေ တောင်ကြီးသူ/သားတွေ သတိရနေတယ်။

မေး။ ။ ထပ်ဖြည့်ပြောချင်တဲ့စကားရှိရင် ပြောပေးပါဦးခင်ဗျာ့။

ဖြေ။ ။ ၃ နှစ်ဆက်တိုက် စစ်ကောင်စီလုပ်တဲ့ပွဲ မီးပုံးပျံပွဲမှာ မီးပုံးပျံလုပ်တဲ့ယမ်းဈေးက အဆမတန်ဖြစ် သွားတယ်။ ဈေးက အဆမတန်ဆိုတော့ ဈေးကြီးလွန်းတာ‌ပေါ့။ ပြီးတော့ရှင်းရှင်းပြောရင် အရင်ဒိုင်တွေ‌ပေါ့ အဲဒိုင်တွေက စစ်ကောင်စီနဲ့ ထိတွေ့မှု စကားပြောဆိုမှုရှိတဲ့ဒိုင်တွေပေါ့ သူတို့က စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပစ္စည်းတင်သွင်းတယ်။ ဈေးအဆမတန်တင်ပြီးတာ့ မီးပုံးပျံဝါသနာပါတဲ့သူတွေကို ပြန်ရောင်းပေးတာ တွေ့ရတယ်အပြင်မှာပေါ့။
တကယ်ဝါသနာပါတဲ့လူငယ်တွေကို မေးကြည့်တော့ ပထမတစ်ခေါက် ပိုတက် ၁ ပေါင်ကို ၁ သိန်း ၃ သောင်း လောက်ရှိတယ်။ အခုပွဲနီးလာတော့ ၂ သိန်းလောက်ထိပြောတယ်။ ရှင်းရှင်းပြောရင် သူတို့အချင်းချင်း လက်ဝါးချင်းရိုက်ပြီး အားမခံချက်နဲ့ ပစ္စည်းသွင်းပြီးတော့ သူတို့ပဲပြန်ရောင်း ဒိုင်တွေထဲမှာ စစ်ကောင်စီနဲ့ ပေါင်းနေတဲ့ကောင်တွေ အများကြီးရှိတာပေါ့။
စစ်ကောင်စီနဲ့ပေါင်းပြီစီးပွားရေးလုပ်နေတာပေါ့ကွာ။ ကုန်ကုန်ပြောရရင်တော့ ရိုးရာကိုအစစ်အမှန် ချစ်မြတ်နိုးတဲ့ တောင်ကြီးသူ/သားများ၊ မီးဆရာတိုင်းကို သတိရနေပါတယ်။ ပွဲရဲ့အနှစ်သာရကို ပြည့်ပြည့်ဝဝ ပြန်ခံစားရဖို့ စစ်ကောင်စီကို တွန်းလှန်နေတဲ့ ရဲဘော်တစ်ဦးပါ ဖြေကြားချင် ပါတယ်။

ပုံစာ- ၂၀၁၉ ခုနှစ်တန်ဆောင်တိုင်မီးပုံးပျံလွတ်တင်ခြင်းပုံဟောင်း

#တောင်ကြီးတန်ဆောင်တိုင်
#မီးပုံးပျံပြိုင်ပွဲ
#ရိုးရာပွဲတော်
#Taunggyi

Leave a Reply

Your email address will not be published. Required fields are marked *