ခမ်းသားငေါဝ်း
နိုဝင်ဘာ ၇၊ ၂၀၂၄

ဖယ်ခုံအနောက်ဖက်ခြမ်းတွင် စစ်ဘေးရှောင်များအတွက် မိုးကာ၊ စောင် နှင့် အနွေးထည်များလိုအပ်နေကြောင်းစစ်ရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။

ရှမ်း-ကရင်နီ(ကယား) နယ်စပ်၊ ဖယ်ခုံမြို့ အနောက်ဖက်ခြမ်း တွင် ဆောင်းတွင်းအတွက် စစ်ဘေးရှောင်များ မိုးကာ၊ စောင် နှင့် အနွေးထည် များလိုအပ်နေသည်။

” တဲတွေကလည်း နှစ်ချို့နေပြီဆိုတော့မိုးကာတွေလည်းဆွေးပြီးပေါက်ပြဲကုန်ပြီ၊ ဆောင်းတွင်းဆို ဆီးနှင်းတွေ ကျရင် ရေယိုမှာပဲ၊ ပြီးတော့ ရာသီဥတုကအေးလာနေပြီ၊ သူတို့စောင်တွေ၊ အင်ကျီအနွေးထည်တွေ လိုအပ်တယ်လို့တောင်းဆိုလာတာရှိတယ်” ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ရာသီကူးပြောင်းကာလတွင် ဖျားနာမှုများ မကြာခဏ ဖြစ်လေ့ရှိပြီး ဆေးဝါးများ ရရှိနိုင်ရန်ခက်ခဲနေသောကြောင့် အနွေးထည် နှင့်စောင်များလုံလုံလောက်လောက်ရရှိရန်လိုအပ်နေကြောင်းသိရသည်။

”ဒီမှာက ဆေးတွေကရဖို့ခက်ခဲတယ်၊ ဆိုင်တွေမှာလည်းဝယ်လို့မရဘူး၊ အဲ့ကြောင့်မဖျားမနာအောင်ကျန်းမာရေးဂရုစိုက်ဖို့အထူးလိုအပ်တယ်၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအတွက်တော့ စောင်၊ အနွေးထည်လုံလုံလောက်ရရှိဖို့အရေးကြီးတယ်” ဟု ၎င်း ကဆက်ပြောသည်။

ဖယ်ခုံအနောက်ဖက်ခြမ်းတွင် ပြည်သူများလာရောက်စစ်ရှောင်နေထိုင်သည်မှာ နှစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး နှစ်ကြာလာသည်နှင့်အမျှ အခက် အခဲ၊လိုအပ်ချက်များ ပိုများလာနေကြောင်းသိရသည်။

photo online
#PPV 003
#လူသားချင်းစာနာထောက်ထားမှု
#ဖယ်ခုံ
#စစ်ရှောင်

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *