ခမ်းသားငေါဝ်း
နိုဝင်ဘာ ၇၊၂၀၂၄

အင်း​လေးဒေသတွင် နိုဝင်ဘာ ၆ ရက်က မိုးတနေကုန် ရွာသွန်းသောကြောင့် အင်းလေးကန် မကျည်းဆိပ်တွင် ရေ ၂ လက်မ ခွဲ ကျော်ရေပြန်တက်လာနေကြောင်း မိုးလေဝသ တိုင်းတာချက် အရ သိရသည်။

Weather Station တပ်ထားသော နေရာများရှိ နိုဝင်ဘာလ (၆) ရက် ညဘက် (၇) နာရီ အထိ ရွာသွန်းပြီး မိုးရေချိန် များတွင် တောင်ကြီး ၀.၅၁၂ လက်မ ၊ လှိုင်သာယာ ၀.၁၄၂ လက်မ ၊ ထန်းတပင် ၁.၃၃ လက်မ ၊ ကလော ၀.၉၆၉ လက်မ နှင့် အင်းလေး (မကျီးဆိပ်) ၂.၅၂ လက်မ တို့ဖြစ်ကြောင်း မိုးလေဝသ တိုင်းတာချက် သတင်းများကို တင်ပြသော ဦးဝင်းနိုင် ဖော်ပြချက်အရ သိရသည်။

“အရင်ကရေတောင်မကျသေးဘူး မိုးကနှစ်ရက်သုံးရက်ဆက်ရွာရင် စိုးရိမ်ရတယ်၊ အခုတောင်ရေပြန်တက်နေပြီ”ဟု ဒေသခံတစ်ဦးကပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ် တို့တွင် နိုဝင်ဘာလ (၆) ရက်မှ (၈) ရက် အထိ သုံးရက်တာ အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှ ထုတ်ပြန်ထားချက်အရသိရသည်။

တောင်ပေါ် ဒေသတွင် မိုးရွာသွန်းခြင်းကြောင့် မြေပြိုခြင်း ၊ တောင်ပြိုခြင်း သဘာ၀ ဘေးအန္တရာယ်များကို အထူးဂရုစိုက်ကြရန် လိုအပ်ကြောင်းကိုလည်း လေ့လာစောင့်ကြည့်သူများက သတိပေးထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန နိုဝင်ဘာလ ၆ ရက် ၊ ညဘက် (၆) နာရီခွဲ အချိန် မြစ်ရေ အခြေအနေ များမှာ ၂၄ နာရီအတွင်း ဒုဋ္ဌ၀တီ ၊ ရွှေစာရံ တွင် ၂၅ စင်တီမီတာ တိုးလာခြင်း ၊ မြစ်ငယ် တွင် ၈ စင်တီမီတာ တိုးလာခြင်း ရှိကြောင်း ညပိုင်း (၈) နာရီ ထုတ်ပြန်ချက် အရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် အသီးသီးတို့တွင် နိုဝင်ဘာလ (၆) ရက် မနက်ပိုင်းမှ စတင်၍ မိုးရွာသွန်းလျက် ရှိရာ ညပိုင်း (၈) နာရီ အချိန်ထိ မနားတမ်း ဆက်လက် ရွာသွန်းလျက် ရှိကြောင်း ကြားသိရသည်။

#PPV-006
#အင်းလေး
#ရေပြန်တက်
#မိုးရွာ

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed