ခမ်းသားငေါဝ်း
နိုဝင်ဘာ ၆၊ ၂၀၂၄
တောင်ကြီးမြို့ ၊ အထက အမှတ် (၅) ရှိ ကျောင်းဆရာတစ်ယောက်သည် ကျောင်းသားများက်ို မိုက်ရိုင်းစွာဆဲဆို မှုကြောင့် ကျောင်းသားအများစုသည် စိတ်ဒဏ်ရာရပြီးအခက်အခဲကြုံနေရကြာင်း အမည်မဖော်သူ ကျောင်းနှင်နီးစပ်သူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ အမှတ်(၅)ကျောင်းရှိ ဆရာ တစ်ဦးသည် အတန်းချိန်နှင့် ပြင်ပ အချိန်တို့တွင် ကျောင်းသားများကို မိုက်ရိုင်းစွာဆဲဆိုခြင်းကြောင့် ကျောင်းသားတချို့စိတ်ဒဏ်ရာရပြီး စာသင်ကြားမှုပေါ် မပျော်ရွှင်သည့်အပြင် ကျောင်းမတက်ချင်ကြတော့တဲ့အကြောင်းသိရသည်။
“အဲ့ဆရာက ကြည့်မရတဲ့သူဆိုရင် အောက်တန်းစား၊ အောက်တန်းစားလို့ဆဲတယ်။ မိန်းကလေးသူငယ်ချင်းတစ်ယောက်ဆိုလည်း အဲဆရာအချိန် စာမေးတာ စာမရဘူးဆိုပြီး မိန်းမဖစ်ပြီးစာမရဘဲအတန်းထဲအရှက်မရှိဘဲလာထိုင်နေတယ် ”ဟု ဆိုကာဆဲဆိုခြင်းရှိကြောင်း နီးစပ်သူကပြောသည်။
မိန်းကလေးကျောင်းသူတစ်ယောက်သည် ဖျားသည့် အတွက် ခွင့်(၄)ရက် ယူပြီးနောက် ကျောင်းသို့လာချိန်တွင် ဆရာက သူမကို ဘာကိစ္စကျောင်းလာနေသေးတာလည်း သေလိုက်တော့လေဟု ပြောဆိုခံရကြောင်းကို ၎င်း ကဆက်ပြောသည်။
ထို့ဆရာသည် စာမရသည် ကျောင်းသားများကိုစာမသင်ချင်သဖြင့် ကျောင်းသားကိုသီးသန့်တွေ့ဆုံ၍ ကျောင်းသားများကို ကျောင်းထွက်ရန်ပြောဆိုခြိမ်းခြောက်ကြောင်းကိုလည်းသိရသည်။
ဆရာတစ်ဦး၏ မိုက်ရိုင်းစွာ ပြောဆိုမှုကြောင့် ကျောင်းသားတချို့သည် ဆရာ၏ စာသင်ချိန်တွင် စာမသင်ချင်ကြောင်းနှင့် သူ၏ ပြောဆိုမှုကို ခံရရန်ရှက်ကြောက် သည့်အတွက် စာသင်ချိန်တွင် စိတ်သက်သာမှုမရှိကြောင်း သိရသည်။
PPV0013
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#ကျောင်းသားများ
#မိုက်ရိုင်းစွာဆဲဆိုမှုကြောင့်
#ကျောင်းသားအများစု
#အခက်အခဲကြုံနေရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။