ခမ်းသားငေါဝ်း

နိုဝင်ဘာ ၆၊ ၂၀၂၄

စစ်ရေး ပဠိပက္ခအတွင်း မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် စစ်ကောင်စီ၏ နည်းလမ်းမျိုးစုံဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေကြရသည့် အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များလည်း ရင်ဆိုင်နေရကြောင်း နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။

(AAPP) အသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ၂၀၂၄ ခုနှစ် ဩဂုတ်လက စစ်ကိုင်းတိုင်း အင်းတော်မြို့မ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီမှ ဖမ်းဆီးပိတ်လှောင်ခံခဲ့ရသည့် အမျိုးသမီးအချို့သည် စစ်သားမှ အတင်းအဓမ္မပြုကျင့်ခြင်း ခံခဲ့ရကြောင်း ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၄ ခုနှစ် အောက်တိုဘာ(၂၆) ရက်ကလည်း ပင်လောင်းမြို့နယ်တွင် အသက် (၅၆)နှစ် အရွယ် အမျိုးသမီးတဦးကို စစ်သားများက အဓမ္မပြုကျင့်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့မှ စပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့အထိ စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၅၉၁၉)ဦး ရှိခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

မတရား အာဏာလုပ်မှု ဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၆၃၁)ဦး ရှိပြီး ထိုထဲမှ (၂၁၀၈၁)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံရသူများထဲမှ (၉၄၈၇)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း ဖော်ပြထားသည်။

ယခု‌ဖော်ပြထားသော ကိန်းဂဏန်း အချက်အလက်သည် (AAPP)အနေဖြင့် လက်လှမ်းမှီသမျှ ကောက်ယူထားသည့် အချက်အလက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားသည့် အချက်အလက်မှာ ယခုထက်ပိုမိုများပြားနိုင်ကြောင်း ဖော်ပြထားသည်။

PPV0011
ဓာတ်ပုံ-ခမ်းသားငေါဝ်း
#လူ့အခွင့်အရေး
#စစ်ရေးပဠိပက္ခအတွင်း
#မြန်မာနိုင်ငံရှိအမျိုးသမီးများ
#နည်းလမ်းမျိုးစုံဖြင့်
#လူ့အခွင့်အရေးချိုးဖောက်မှု
#ခံစားနေကြရ
#လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု
#နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း
#AAPP
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed