ခမ်းသားငေါဝ်း

နိုဝင်ဘာ ၅၊ ၂၀၂၄

ဆီဆိုင်မြို့တွင်အာလူးအ၀င်နည်းသောကြောင့်အာလူးကို ဈေးနူန်းမြင့်ပေး၍‌မှာယူရပြီး အာလူးဈေးကောင်းနေကြောင်း ဈေးရောင်းသူများထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် အောင်ပန်းနှင့် နောင်တရားမှထွက်သောအာလူးကိုမှီခိုပြီးရောင်း၀ယ်မူများပြုလုပ်နေရပြီး အောက်တိုဘာလမှစပြီးနို၀င်ဘာလ(၅)ရက်နေ့အထိ အာလူးအလုံးကြီးတစ်ပိဿာကို ၇ ထောင်ကျပ်ပေး၀ယ်ရပြီး အာလူးအလုံးရောရာတစ်ပိဿာကို ၆ ထောင်ကျပ်ပေး၀ယ်‌ရကြောင်းသိရသည်။

“ အခုဆိုအာလူးကမှာသလောက်မရဘူး၊ သူတို့ပြောတဲ့ဈေးနဲ့မှာရင်တောင် ကိုယ်မှာလိုက်တဲ့တစ်၀က်လောက်ပဲလာပို့တာ၊ ဒီထက်သာဈေးနူန်းပိုမြှင့်ရင်တော့၀ယ်မရောင်းနိုင်တော့ဘူး အခြားကုန်ပစ္စည်းတွေလဲဈေးတက်နေတာလေ”ဟုဈေးရောင်းသောအမျိူးသမီးတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့တွင် အာလူးလက်လီစျေးတပိဿာ ၈ ထောင်ကျပ်မှ နိုဝင်ဘာလဆန်းပိုင်းတွင် ကျပ်တစ်သောင်းအထိပေး၀ယ်ရပြီး ဆီဆိုင်မြို့တွင် အာလူးလက်လီလက်ကားဈေး တစ်ပိသာ ၈ ထောင် ကျပ်နှင့်အထက်ပေး၀ယ်ရ‌ သော်လည်း တစ်ပိသာ ၁ သောင်းကျပ်အထိမရောက်‌ကြောင်းနှင့်မြို့တိုင်းလိုလို တစ်ပိသာလျှင် ၅ ရာကျပ် နှင့် ၁ ထောင်ကျပ်ခန့်ဈေးကွာမှုရှိကြောင်း သိရသည်။

“အာလူးလက်လီးလက်ကား‌၀ယ်ရတဲ့ဈေးကတော့ တစ်မြို့နဲ့တစ်မြို့မတူကြဘူး၊ အနည်းဆုံးဆိုရင် ၅၀၀ ကျပ် (သို့) ၁၀၀၀ ကျပ်ပဲ လောက်ပဲကွာတယ်၊ ပြီတော့ ရောင်းတဲ့လူကလဲငါးဆယ်သား၊တစ်ပိသာဆိုပြီးပဲထုတ်ရောင်းကြတယ် သွန်ရောင်းရင်သူတို့လည်းမကိုက်ဘူးလေ”ဟုဈေး၀ယ်သောအမျိူးသမီးတစ်ဦးကပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာလ(၁၀)ရက်နေ့မှစပြီး ရေကြီးရေလျှံမှုများကြောင့် ရှမ်းပြည် နယ်တောင်ပိုင်း အောင်ပန်းမြို့တွင်လည်း စိုက်ပျိုးသီးနှံများ ရေကြီးနစ်မြုပ်ခဲ့ရာ အာလူးစိုက်ခင်းများဆုံးပျက်စီးဆုံးရှုံးခဲ့ရသဖြင့် အာလူးအထွက်နူန်းအရင်ကထပ်ပို၍လျော့နည်းလာကြောင်းနှင့် လက်ရှိအချိန်ပင်လောင်းနောင်တရားဖက်တွင် စစ်ရေးအခြေအနေအရ လမ်းခရီးသွားလာရန် အခက်အခဲများစွာရှိသည့်အတွက်အာလူး‌ ဈေးမြင့်တက်နေကြောင်း အာလူးရောင်း၀ယ်သူများက သုံးသပ်ကြကြောင်းသိရ သည်။

အောင်ပန်းနှင့်နောင်တရားတွင် မျက်စံနီအာလူး၊ တရုတ်အာလူး နှင့် မာကစ်အာလူး ဆိုပြီးသုံးမျိူးကိုအဓိကထားစိုက်ပျိူးပြီးအာလူးတစ်မျိူးနှင့်တစ်မျိူးဈေးနူန်းကွာခြားမူရှိကြောင်းသိရပါသည်။

PP014
ဓာတ်ပုံ-ခမ်းသားငေါဝ်း
#စိုက်ပျိုးရေး
#အာလူး
#ဆီဆိုင်
#ပင်လောင်း
#မျက်စံနီအာလူး
#တရုတ်အာလူး
#မာကစ်အာလူး

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed