ခမ်းသားငေါဝ်း
နိုဝင်ဘာ ၅၊ ၂၀၂၄
ဟိုဝိုး၊ ဗန်းမောက်၊ ဆောင်လန်ရွာ ဖက်ရှိ ပြည်သူများ စိုက်ပျိုးထားသည့် လယ်စပါးကို PNOနှင့် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များက ရိတ်ချွေယူကြောင်း နိုဝင်ဘာ (၄)ရက်နေ့က သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဘက်ရှိ တောင်သူများ စိုက်ပျိုးထားသည့် လယ်စပါးကို PNO နှင့်းစ်ကောင်စီမှ ရိတ်ချွေစက် (၄)စီးဖြင့် ရိတ်ချွေယူပြီး ပင်လောင်းလမ်းအတိုင်း သယ်ယူသွားကြောင်း သိရသည်။
“သူတို့ လာရောက်ရိတ်ချွေတဲ့ စက်က တစ်ရက်ကို (၁၀)ဧကထိ ရိတ်ချွေနိုင်တယ်။ ပြီးတော့ သူတို့လာရောက် ရိတ်ချွေတာက စုစုပေါင်း(၄)ရက်ရှိပြီ ကြားတယ်။ ပြည်သူတွေက သူတို့ စိုက်ထားတဲ့ စပါးကို သူတို့ပြန်မရိတ်နိုင်တဲ့ အခြေအနေ ဖြစ်နေတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဟိုဝိုး၊ ဆောင်လန်၊ ဗန်းမောက်၊ ကသဲ ၊ လွယ်ပသာ တစ်ကြောလုံးရှိ ပြည်သူတွေ စိုက်ထားသည့် လယ်စပါးများ ဧက ထောင်ချီရှိနေပြီး ၃ ပုံ ၁ ပုံလောက်သာ ပြည်သူများရိမ်သိမ်းနိုင်ကြောင်း သိရသည်။
ထို့အပြင် ပြည်သူများ အနေဖြင့် ရိတ်ချွေပြီးလယ်ထဲမှာ ကျန်ခဲ့သော စပါးများကို ပြန်လာသယ်ချိန် PNO တို့ဖက်မှ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် ရိတ်ချွေပြီး ဒီအတိုင်းထားခဲ့ရတာလည်း အများစုရှိကြောင်း သိရသည်။
အလားတူ ပူချယ်ရွာမှာလည်း လယ်စပါးရိတ်သိမ်းရန် တောင်သူက လယ်တဲထဲဝင်လာစဥ် ဒရုန်းဖြင့် ၄င်းတဲပေါ်တည့်တည့် ဗုံးကျဲခံရသဖြင့် ပွဲချင်းပြီးသေဆုံးသွားသူရှိနေပြီး ဗုံးကျဲတိုက်ခိုက်သောကြောင့် အလောင်းကို သွားရောက် သယ်သူနိုင်ခြင်း မရှိသေးကြောင်း ဒေသခံထံမှ သိရသည်။
PPV0011
ဓာတ်ပုံ- Crd
#လူ့အခွင့်အရေး
#ပင်လောင်း
#ဟိုဝိုး
#ဗန်းမောက်
#ဆောင်လန်
#ပြည်သူများစိုက်ပျိုးထားသည့်လယ်စပါး
#PNO
#ရိတ်ချွေယူ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။