ခမ်းသားငေါဝ်း
နိုဝင်ဘာ ၄၊ ၂၀၂၄

အင်းလေးကန် အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် နောက်ထပ် တစ်ကြိမ်မိုးကြီးရေလျှံမှုဖြစ်လာနိုင်ကြောင်း စုစုစံ၏ မိုးလေဝသ ခန့်မှန်းချက် ထုတ်​​ပြန်လာသည်။

ရှမ်းတောင်ရှိ ဒေသခံများက မိုးကြီးရေလျှံမှု ဘေး ထပ်မံကြုံတွေ့လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

စုစုစံ၏ မိုးလေဝသ ခန့်မှန်းချက် ထုတ်​​ပြန်လာသည်မှာ လာမည့် နိုဝင်ဘာလ ၆ ရက်မှ ၈ ရက် အထိ ပင်လောင်းပအိုဝ်းဒေသ နောင်တရား တီကျစ် ကလော၊ အောင်ပန်း၊ ပင်းတယ၊ ညောင်ရွှေ၊ ဟဲဟိုး အင်းလေး၊ ရွှေညောင်၊ တောင်ကြီး၊ ဟိုပုံး၊ မိုင်းပွန်၊ လွိုင်လင်ဒေသများတွင် မိုးများစွာရွာသွန်းနိုင်ပြီးမိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း အပါအဝင် ညောင်ရွှေမြို့နယ် အင်းလေးကန် ဒေသ တွင်လည်း နိုဝင် ဘာလ ၆ ရက်မှ ၈ ရက် အထိ မိုးများစွာ ရွာသွန်းနိုင်ပြီး မိုးကြီး ရေလျှံမှုများဖြစ်ပေါ်လာနိုင်သဖြင့် မိုးကြီးရေလျှံ သတိထားရန်လိုအပ်ကြောင်းကိုလည်း သတိပေးထားခြင်း ဖြစ်သည်။

စက်တင်ဘာလ ၁၁ ရက် မိုးကြီး ရေလျှံမှုနှင့် ပုံစံတူနေသဖြင့် နိုဝင်ဘာလ ၅ ရက်မှ ၈ ရက် အတွင်း မိုးကြီး ရေလွှမ်း နစ်မြုပ်မှုများထပ်မံ ဖြစ်နိုင်ခြေ ကို အထူးဂရုစိုက်ရန် လိုအပ်ကြောင်း အသိပေးထားသဖြင့် ဒေသခံ များ စိုးရိမ်နေခြင်းလည်း ဖြစ်သည်။

စက်တင်ဘာလ ၁၁ ရက် ပြင်းထန်သော မုန်တိုင်းဒဏ်ကြောင့်ရှမ်စပြည်နယ်တောင်ပိုင်းအတွင်း မိုးကြီး ရေလျှံမှုဖြစ်ပြီး နှစ်ပေါင်း ရာကျော်အတွင်း မကြုံစဖူး ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကာ နေအိမ်များ နှင့် စိုက်ခင်းများစွာထိခိုက် ပျက်စီးခဲ့ရ ကြောင်း သိရသည်။

#PPV-006
#သဘာဝဘေး
#ရှမ်းတောင်
#ရေကြီးရေလျှံမှု

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *