ခမ်းသားငေါဝ်း
နိုဝင်ဘာ ၄၊ ၂၀၂၀၄
တော်လှန်ရေးကာလ အာဏာသိမ်းပြီး ယနေ့ချိန်ထိစစ်ကောင်စီ၏ စစ်လေယာဉ် (၈)စီးအပြင် စစ်ရဟတ်ယာဉ် (၁၁)စီးကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အသီးသီးနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်နှင့်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်များက တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြောင်း PDF Insight မှ ဖော်ပြထားသည်။
ပွိုင့် – ၅ စက်သေနတ်သည် အကြီးဆုံးလေယာဉ်ပစ် လက်နက်အဖြစ် တပ်ဆင်ထားနိုင်ခဲ့သည့် တော်လှန်ရေးအဖွဲ့၏ တိုက်ခိုက်မှု စာရင်းဖြစ်ကြောင်း၊ လက်တလော ရှမ်းမန်း စစ်ဆင်ရေးနှင့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)မှာ ပွိုင့်-၅ ထက် ပြောင်းအချင်း ပိုကြီးသော စက်သေနတ်နှင့် စက်အမြောက်တွေ သိမ်းပိုက်ရရှိထားပြီး ရန်သူ့လေတပ်ကို လေထဲမှာ ပိုမို ချေမှုန်းရေး လုပ်ဆောင်နိုင်တော့မည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ထို့အပြင် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်ပြောင်းလာတာ၊ သိမ်းပိုက်ခံလာရတာတွေ ဖြစ်ပေါ်ခဲ့ရင်လည်း ရန်သူ့လေယာဉ်များကို ပိုမိုချေမှုန်းနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီ၏ ပစ်ချခံရ၊ ထိခိုက်ပျက်စီးသွားသည့် လေယာဉ် စာရင်းကို ဖော်ပြထားသည်။ ကရင်နီ ဘောလခဲဒေသမှာ K-8 ကိုပစ်ချနိုင်ခဲ့ခြင်း ၂၀၂၃ခုနှစ်၊ ၂၀၂၄ ခုနှစ် ဇွန်လမှာ K-8 ကချင်ပြည်နယ် ဖားကန့်တွင် ထိခိုက်အောင်ပစ်နိုင်ခဲ့ခြင်း၊ ရှမ်းမြောက် ကွတ်ခိုင်တွင်လည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ FTC-2000G ကို ပစ်ချနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် တောင်ငူလေတပ်အတွင်း စစ်ကောင်စီ၏ လေတပ်ကို မေလအတွင်း (၂) ကြိမ် ထိခိုက်အောင် တိုက်ခိုက်နိုင်ခြင်း၊ နေပြည်တော်မှာလည်း ဇူလိုင်လ အတွင်း အေလာလေတပ်ကို (၃) ကြိမ်တိုက်ခိုက်ခဲ့ပြီး A-5 တိုက်လေယာဉ် ထိခိုက်ပျက်စီး၊ Y-12 သယ်ပို့စစ်လေယာဉ် ထိခိုက်ခြင်းနှင့် တိုက်လေယာဉ် ထိခိုက်ခြင်းများ လုပ်ဆောင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
အလားတူ ပစ်ချခံရတာနှင့် ထိခိုက်ပျက်စီးသည့် စစ်ကောင်စီ စစ်ရဟတ်ယာဉ် စာရင်းကိုလည်း ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် မေလမှာ ကချင်ပြည်နယ် (မိုးမောက်)အတွင်း Mi-35 ပစ်ချခြင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စစ်ကိုင်းတိုင်း၊ (ကန့်ဘလူ)မှာ Mi-35 ကိုထိခိုက်အောင် တိုက်ခိုက်နိုင်ခြင်း၊၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ကချင်ပြည်နယ်(ဝိုင်းမော်) နှင့် (နားဖော့) တွင် Mi-17 ပစ်ချနိုင်ခြင်း၊ ကရင်ပြည်နယ် (မြဝတီ) မှာ Eurocopter 365 ပစ်ချနိုင်ခြင်း၊ ဖေဖော်ဝါရီလအတွင်းမှာ ရခိုင်ပြည်နယ်တွင် စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခြင်း၊ စစ်ကိုင်းတိုင်း (ကန့်ဘလူ)မှာ Mi-35 ထိခိုက်အောင် တိုက်ခိုက်နိုင်ခြင်း၊ စစ်ကိုင်း (ဝန်းသို) မှာ Mi-17 ထိခိုက်အောင် တိုက်ခိုက်နိုင်ခြင်းများကို ဖော်ပြထားသည်။
ထိုနည်းတူ ၂၀၂၄ ခုနှစ်တွင် မြစ်ကြီးနား လေတပ်ကိုလည်း မတ်လအတွင်းမှာ Mi-17 ကို ထိခိုက်အောင် တိုက်ခိုက်ခဲ့ပြီး ကချင်ပြည်နယ် ဝိုင်းမော်မှာ Mi-35 ကို ထိခိုက်အောင် တိုက်ခိုက်နိုင်ခြင်း၊ ကရင်နီပြည် (ဖေားဆောင်း) မှာ စစ်ရဟတ် ယာဉ်ပစ်ချနိုင်ခြင်း၊ ဇူလိုင်လအတွင်းမှာ စစ်ကိုင်းတိုင်း (ပင်လည်ဘူး) မှာ Mi-17 ထိခိုက်အောင် တိုက်ခိုက်နိုင်ခြင်းကို ဖော်ပြထားသည်။
PDF Insight အနေဖြင့် ယခုဖော်ပြထားသော စာရင်းသည် လက်လှမ်းမှီသလောက် စုဆောင်းထားသော စာရင်းဖြစ်ပြီး လက်တွေ့ ပျက်စီး၊ ပစ်ချခံရသည့် လေယာဉ်၊ရဟတ်ယာဉ် စာရင်းသည် ယခုထက် ပိုများနိုင်ကြောင်း ဖော်ပြထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များရဲ့ ထိုးစစ်ဟာ တောင်တန်းနှင့် မြေပြန့်ဒေသမှာ ဟန်ချက်ညီပေါ်ပေါက်လာပြီဖြစ်ကာ စစ်ကောင်စီ၏ လေတပ်ဟာ နေရာစုံကို လေကြောင်း ပစ်ကူပေးရေး ကန့်သတ်ချက် ရှိလာနေပြီဖြစ်ပြီး စစ်ကောင်စီဘပ်မှ လေတပ်ဟာ ထိခိုက်ဆုံးရှုံးမှုကို ယခုထက် ပိုမို ခံစားလာရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
PPV0011
ဓာတ်ပုံ-အွန်လိုင်း
#တော်လှန်ရေးကာလ
#အာဏာသိမ်းပြီး
#စစ်လေယာဉ်
#စစ်ရဟတ်ယာဉ်
#တိုင်းရင်းသားတော်လှန်ရေးအဖွဲ့
#ပြည်သူ့ကာကွယ်ရေး
#PDF
#Insight
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။