The People’s Voice- ခမ်းသားငေါဝ်း
အချက်အလက်စစ်ဆေးခြင်း
Fact check
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ကို ဒေသခံများအား ပြန်မလာစေရန်အတွက် ပြည့်သူကာကွယ် ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့ က တိုက်ပွဲဖန်တီး၍ မီးရှို့ရန်ညွှန်းကြားချက်ပေးနေသည်ဟု စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွင် သတင်းအမှားဖြန့်ချိနေသည်။
“ကယန်းပြည်သစ် ဗိုလ်မူး သိန်းဟန်ပိုင်ဆိုင်သော ဆီးဘူးအနီးရှိ ခွီးတလုတ်ရွာရှိ အိုမီကာစားသောက်ဆိုင်နှင့် တည်းခိုခန်းဘန်ကာလိုတွင် တွေ့ဆုံ၍ဌေးမြင့်လိူင်ကိုဖယ်ခုံ မြို့အား ဒေသခံများ အား ပြန်မလာစေရန်အတွက် တိုက်ပွဲဖန်တီး မီးရှို့ရန် ညွန်ကြားချက်ပေးနေပါသည်။” ဟု ဖြန့်ဝေထားပါသည်။
“၂၀၂၄ အောက်တိုဘာလတွင် ညွန်ကြားခဲ့ပီးအခုရက်ပိုင်း အတွင်းတွင် ဖယ်ခုံ မြို့တွင် မီးများ ဆက်တိုက် လောင်ကျွမ်းနေပါသည်။” ရေးသားဖြန့်ဝေခဲ့သည်။
ဤသတင်းကို အောက်တိုဘာလ ၃၀ရက်နေ့တွင် စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့် ချယ်နယ် ဖြစ်သည့် “ရွှေနေကြာ” ချန်နယ်မှ ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၅၄,၄၀၀ကျော် ရှိနေသည့်အပြင် ဤသတင်းကို အလားတူ စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်ဖြစ်သည့် “Ko Thet”ချန်နယ် တွေမျှဝေထားသည်။ “တိုက်ပွဲသတင်းစုံ” နှင့် “Kyaw Swar” တယ်လိီဂရမ် ချယ်နယ်များက ထပ်မှန် မျှဝေထားပါသည်။
သတင်းမှားဖြန့်ဝေသည့် မူရင်းလင့်- https://archive.ph/bnKo5
ဆက်စပ် သတင်းအမှားလင့်
Ko Thet-https://archive.ph/dSRnd
တိုက်ပွဲသတင်းစုံ-https://archive.ph/EPOow
Kyaw Swar-https://archive.ph/yO2sw
ထို့ သတင်းကို ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးသည့်အဖွဲ့မှ စစ်စိသည့်အခါ သတင်းတု သတင်းမှား ဖြစ်ကြောင်း တွေ့ရှိရပါသည်။
သတင်း စစ်ဆေးချက်
Google တွင်” ဖယ်ခုံမြို့ နေအိမ် မီးရှို့ခံရ”ဟု စာသားဖြင့်ရှာဖွေကြည့်ရာ လွတ်လပ်သည့် ရှမ်းပြည်နယ် အခြေစိုက်သတင်းဌာန ” Shan New (သျှမ်းသံတော်ဆင့်)နှင့် “Mekong New (မဲခေါင်) သတင်းဌာနများ၌ သတင်းရေးသားဖော်ပြထားသည်။
Shan New (သျှမ်းသံတော်ဆင့်) သတင်းဌာနတွင် “စစ်ကောင်စီ တပ်စွဲထိန်းချုပ်သည့် ဖယ်ခုံမြို့ နန်းဟူးရပ်ကွက် ဆေးရုံကုန်းအနီးတဝိုက်ကို စစ်ကောင်စီက ပြီးခဲ့သည့် အောက်တိုဘာ ၂၄ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကို မျက်မြင်တွေ့ရှိသည့် ဒေသခံအမျိုးသား၏ ပြောကြားချက်”ဖြင့်ရေးသားဖော်ပြထားသည်။
Shan New (သျှမ်းသံတော်ဆင့်) သတင်းဌာန- https://archive.ph/sHTJQ
အလားတူ Mekong New (မဲခေါင်) သတင်းဌာနတွင် -“ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး စစ်တပ်က ဖယ်ခုံမြို့ထဲက နေအိမ်တွေကို မီးရှို့နေကြောင်းကို ဒေသခံတစ်ဦးနှင့် ကာကွယ်ရေးတပ် တစ်ဦးတို့၏ စကားသံများဖြင့် ရေးသားဖော်ပြထားသည်။
Mekong New (မဲခေါင်) သတင်းဌာန- https://archive.ph/hMxOJ
သုံးသပ်ချက်
ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များကြား ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွါးနေသည်မှာ မှန်ကန်ကြောင်းနှင့် ပြည့်သူကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့ က တိုက်ပွဲဖန်တီး၍ မီးရှို့ရန်ညွှန်းကြားချက်ပေးနေသည်ဟု သတင်းမှာ မှားယွင်းနေပါသည်။
သတင်းအမှား ဖြန့်ချိသူများသည် စစ်ကောင်စီတပ်ဖွဲ့၏ ရာဇဝတ်မှုများကို ဖုံးကွယ်ရန်နှင့် ပြည်သူ့ကာကွယ် ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့များကို ကြောက်ရမည်ဟုသည့်အကြောက်တရားများထည့်၍ PDF များကြောင့် ပျက်စီးရတယ်ဆိုတာမျိုးရည်ရွယ်ချက်ရှိရှိဖြင့် ရေးသားဖြန့်ချိနေသည့် ဝါဒဖြန့်သတင်းအမှားဖြစ်သည်။
ဖယ်ခုံမြို့ကို မီးရှို့သည်မှာ စစ်ကောင်စီတပ်များဖြစ်သည်ကို ဒေသခံများနှင့် ရှေ့တန်းစစ်မြေပြင်ရောက် တော်လှန်ရေးတပ်များက သတင်းမီဒီယာကို အတည်ပြုပြောဆိုမှုများလည်းရှိသည်။ စစ်ကောင်စီဝါဒဖြန့် ချန်နယ်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များကို စွပ်စွဲပြောဆိုပြီး တော်လှန်ရေးတပ် ဖွဲ့ကို ပြည်သူများအယုံကြည်မရှိရန် ဝါဒဖြန့် သတင်းမှား ဖြန်ဝေသည်ကို ထင်ရှားစွာမြင်တွေ့ရသည်။
ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်း အရာများကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှု့ရန်အကြံပြုတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း facebook page ၏ မက်ဆေ့ဘောက်သို့ ပေးပိုမေးမြန်းနိုင်ပါသည်။