ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၊ ၂၀၂၄

ပင်လောင်း-ဖယ်ခုံ နယ်စပ်တိုက်ပွဲကြောင့် ဖယ်ခုံအနောက်ဘက်သို့ တိမ်းရှောင်လာနေရသော ပြည်သူများအတွက် အရေးပေါ် အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း- ဖယ်ခုံ နယ်စပ်တိုက်ပွဲ များကြောင့် ဒေသခံအမြောက်အများ စစ်ဘေးတိမ်းရှောင်နေရကာ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်။

” ဒီရက်ပိုင်းမှ ထပ်ရောက်လာတဲ့သူတွေရှိတယ်၊ နေရာလွတ်တွေမှာပဲ တဲထိုးပြီးနေရတာပေါ့၊ အဲ့မှာ မိုးကာတွေအများကြီးလိုအပ်တယ်၊ တချို့ကျလည်း ဒဏ်ရာရတာ တွေ၊ ဖျားနာနေတာတွေရှိတဲ့ အတွက် ဆေးဝါးတွေလည်း အရေးပေါ်လိုအပ်နေတယ်” ဟုစစ်ဘေးရှောင်ကူညီနေသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်ဘေးရှောင်များအတွက် အကူအညီအများကြီးလိုအပ်နေကြောင်း၊ တတ်နိုင်သည့် သူများလည်း ပါဝင်ကူညီ ပေးစေလိုကြောင်း ၎င်း ကဆက်ပြောသည်။

ဖယ်ခုံ-ပင်လောင်း နယ်စပ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေသောကြောင့် အလှူရှင်အဖွဲ့အစည်းများ လာရောက်လှူဒါန်းရန်လည်း အခက်အခဲ ဖြစ်နေကြောင်းသိရသည်။

ဖယ်ခုံ-ပင်လောင်းနယ်စပ်တိုက်ပွဲတွင် တစ်လကျော်ကြာမြင့်နေပြီဖြစ်ပြီး ဒေသခံ သောင်းချီစစ်ရှောင်နေရကြောင်းသိရသည်။

#PPV 003
#လူသားစာနာထောက်ထားမှု
#ဖယ်ခုံ
#စစ်ရှောင်
#WhatHappenInMyanmar

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed