ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၊ ၂၀၂၄

ပင်လောင်းမြို့နယ် ဟိုဝိုး၊ လွယ်ကျိုင်း၊ လင်ခံကျေးရွာများကို စစ်ကောင်စီနှင့် PNO ​ပြည်သူ့စစ် တို့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရှေ့တန်းမြေပြင်သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ ဟိုဝိုး၊ လွယ်ကျိုင်း၊ လင်ခံကျေးရွာများကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် တို့က နိုဝင်ဘာလ ၁ ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင်မီးရှို့ဖျက်ဆီးခဲ့သည်။

” တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ နဲ့ PNO တို့ကမီးရှို့လိုက်တယ်၊ သူတို့ က ရွာတွေမီးဝင်ရှို့ပြီး တော်လှန်ရေးတပ်တွေဖက်က လုပ်တာပါလို့ ဝါဒတွေဖြန့်နေတယ်၊ ပျက်စီးမှုအခြေအနေကတော့ အတိအကျမသိရသေးဘူး” ဟု ရှေ့တန်းမြေပြင် အရင်းမြစ်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

တိုက်ပွဲ ဖြစ်ပွားနေသည်မှာ တစ်လကျော်ကြာမြင့်ပြီးဖြစ်ပြီး စစ်ကောင်စီဖက်မှ လက်နက်ပြီး၊ လေယာဥ်များ နေ့စဥ် လာရောက်ပစ်ကူပေးနေလျက်ရှိကြောင်းသိရသည်။

တိုက်ပွဲ ကြောင့်စစ်ရှောင်နေရသော ဒေသခံအမြောက်အများ အရေးပေါ်အကူအညီများလိုအပ်နေလျက်ရှိကြောင်းသိရသည်။

#PPV 003
#Humanright
#ပင်လောင်း
#လင်ခံ
#လွယ်ကျိုင်းရွာ

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *