ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၊ ၂၀၂၄

နမ၀ကြိမ်မြောက် အင်းသားအမျိုးသားနေ့ကို နိုဝင်ဘာလ(၁) ရက် ညောင်ရွှေမြိုတွင် အကျဉ်းချုံး ပြုလုပ်ခဲ့ကြောင်း အင်းသားအမျိုးသားနေ့ ကျင်းပရေး ကော်မတီထံမှ သိရသည်။

၁၃၈၆ ခုနှစ် တန်ဆောင်မုန်းလဆန်း(၁) ရက်တွင် ကျရောက်သော န၀မကြိမ်မြောက် အင်းသားအမျိုး သားနေ့ကို ညောင်ရွှေမြို သာသန၀ိပုလ တိတ်နန်း စာသင်တိုက် ကျောင်းတွင် မနက်ပိုင်း(၉) နာရီ အချိန်တွင် အကျဉ်းချုံး ပြုလုပ်ခဲ့ကြောင်း သိရသည်။

သာသန၀ိပုလ တိတ်နန်း စာသင်တိုက်ရှိ သံဃာ တော် အရှင်သူမြတ်တို့အား ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပြီး အင်းသားလူမျိုး ဘွဲ့ရစာအောင် သာသနာ့ အာဇာနည် သံဃာတော်အရှင်မြတ်တိုအား ဂုဏ်ပြုပူဇော်ခြင်းနှင့် တရားတော်နာရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားတို့ဖြင့် အကျဉ်းချုံး ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ညောင်ရွှေမြို သာသန၀ိပုလ တိတ်နန်း စာသင်တိုက် တွင် နံနက်ပိုင်း ၈ နာရီ ၄၅ မိနစ် အချိန် ဂုဏ်ပြု ပူဇော်ခြင်း တရားတော်နာ ရေစက်ချခြင်း၊ နံနက်ပိုင်း ၁၀ နာရီ ၃၀ မိနစ် အချိန်တွင် နေ့ဆွမ်း ဆပ်ကပ်ခြင်း ၊ နံနက် ၁၁ နာရီ အချိန်တွင် ဧည့်ပရိသတ် တိုအား ကျွေးမွေးခြင်း တိုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်မှ စတင်၍ ၃ နှစ်တိုင် ရပ်နားခဲ့ရသော အင်းသားအမျိုးသားနေ့ ကို ၂၀၂၃ ခုနှစ် တွင် ညောင်ရွှေမြို့၌ ပြန်လည် ကျင်းပခဲ့ပြီး၊ ၂၀၂၄ ခုနှစ်တွင် ရေဘေးကြောင့် အကျဉ်းချုံး၍ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

ယခင်နှစ် ၂၀၂၃ ခုနှစ်တွင် နိုဝင်ဘာလ (၁၁) ရက်မှ နိုဝင်ဘာလ (၁၃) ရက် အထိ (၃) ရက်တိုင်တိုင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ဒေသ အတွင်း စံချိန်တင် ရေကြီးခြင်းကြောင့် နေအိမ် ၊ နှင့် စိုက်ခင်း များစွာ ထိခိုက် ပျက်စီးခဲ့ရသဖြင့် အင်းသားတို့၏ ရိုးရာပွဲတော် တစ်ခုဖြစ်သော အင်းအမျိုးသားနေ့ အပါအဝင် ၊ အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရားများ ဒေသစာရီ ပွဲတော်ကိုလည်း ကျင်းပနိုင်ခြင်း မရှိကြောင်း သိရသည်။

#PPV-006
#အင်းအမျိုးသားနေ့
#အကျဥ်းချုံး
#ညောင်ရွှေ

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *