ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၊ ၂၀၂၄
ရှမ်း၊ကယား နယ်စပ်ရှိ ရှမ်းတောင်ဗျူဟာ (၂)ပူး ပေါင်းစစ်ကြောင်းသည် စစ်ကောင်စီဘက်မှ လာရောက်တိုက်ခိုက်သည့် ဒရုန်းကို ပစ်ချနိုင်ခဲ့ကြောင်း အောက်တိုဘာ (၃၁)ရက်တွင် ရုပ်သံဖိုင်ဖြင့် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂၆)ရက် နေ့လည်ပိုင်း (၁၁)နာရီ ဝန်းကျင်တွင်လည်း စစ်ကောင်စီဘက်မှ ညောင်ရွှေမြို့နယ် ရေပူကျေးရွာအတွင်း ပထမအကြိမ် ဒရုန်းဖြင့် ကျဲချတိုက်ခိုက်ခဲ့ပြီး ရဲဘော်အချို့ ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီဘက်မှ ဒုတိယအကြိမ်လာရောက် တိုက်ခိုက်စဉ် ရှမ်းတောင်ဗျူဟာ (၂) ပူးပေါင်း စစ်ကြောင်းရဲဘော်များမှ စစ်ကောင်စီတပ်ရဲ့ ဒရုန်း တစ်စီးကို ပြန်လည် ပစ်ချနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ပင်လောင်းတောင်ဘက်တွင် တော်လှန်ရေး တပ်ပေါင်းစုနှင့် စစ်ကောင်စီ တပ်တို့ တစ်လကြာတိုက်ပွဲဖြစ်ပွားပြီး လက်ရှိချိန်ထိ ဖြစ်ပွားနေကြောင်း သိရသည်။
#PPV0011
#တိုက်ပွဲ
#ရှမ်းတောင်ဗျူဟာ
#ဒရုန်း
#ရှမ်းကယားနယ်စပ်
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။