ခမ်းသားငေါဝ်း
အောက်တိုဘာ ၃၀၊ ၂၀၂၄
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပသည့် နိုဝင်ဘာလအတွင်း ဟိုတည် တချို့များ၏ အခန်းခ စျေးနှုန်းနှစ်ဆ နီးပါး မြင့်တက်မည့်အကြောင်း အောက်တိုဘာလ ၃၀ ရက်နေ့ ဟိုတည် ဝန်ထမ်း တစ်ဦးဆီမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော် ကိုလာမည့် နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၆ ရက် အထိ ကျင်းပမည်ဖြစ်သောကြောင့် ပွဲတော်ရက်အတွင်း မြို့တွင်းရှိ ဟိုတယ်အခန်းခ ကို စျေးနှုန်းနှစ်ဆနီးပါး မြင့်တက် မည်ကို ဟိုတည် ဝန်ထမ်း တစ်ဦးဆီမှသိရသည်။
“ဒီလအတွင်းတော့မတက်သေးဘူး နောက်လကျရင်အများကြီးတက်ဖို့ရှိတယ် ဘာလို့ဆိုတန်ဆောင်တိုင်ပွဲကျရင် ဧည့်သည်တွေတအားများတယ်ကော် အခုကတော့ ၈ သောင်း ၈ ထောင်ပဲ နောက်လကျရင် ၁ သိန်းခွဲအထိတက်ဖို့ရှိမယ်”ဟု ဟိုတည် ဝန်းထမ်းတစ်ဦးကပြောသည်။
တောင်ကြီးတန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော်ကာလ အတွင်းတာ အခန်းခ စျေးနှုန်းကို အနည်းငယ် မြင့်ထားကြောင်းနှင့် ပွဲတော်ပြီးချိန်တွင် မူလစျေးနှုန်းအတိုင်းပြန်လည်းငှါးမည်ကြောင်းကို ဟိုတည် ဝန်ထမ်း တစ်ဦးဆီမှသိရသည်။
“ တန်ဆောင်တိုင် ရက်အတွင်းတော့အခန်းခတွေကိုတော့ ပိုတက်တယ် ပွဲပြီးတဲ့ နောပိုင်းတော့ နဂိုစျေးနှုန်းအတိုင်းဘဲ ပြန် ငှါးသွားမာပါ” ဟုဟိုတည် ဝန်ထမ်း တစ်ဦးကပြောသည်။
မီးပုံးပျံပွဲတော်ကို လာမည့် နိုဝင်ဘာလ(၉)ရက်မှ (၁၅)ရက်အထိ (၇)ရက်တိုင်တိုင် အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် တန်ဆောင်တိုင်ပွဲတော် ကျင်းပရန်အတွက် စစ်ကောင်စီက သိန်းရာချီ အလှူငွေ ကောက်ခံနေပြီး အခွန်နှုန်းထားမှာ ဟိုတယ်အကြီးအား ကျပ်သိန်း ၁၄၀၊ ဟိုတယ် အလတ်နှင့် အသေးအား ကျပ်သိန်း ၇၀၊ မိုတယ်နှင့် တည်းခိုခန်းများအား ကျပ် ၄ သိန်းနှင့်အထက် ဖြစ်ပြီး စိန်နားပန် တစ်လုံးနှင့် ညမီးအကြီး တစ်လုံးကိုမူ နိုင်ငံတော်မှ အိတ်စိုက်ထုတ်မည်ကြောင်းကိုလည်းသိရှိပါသည်။
PPV0013
ဓာတ်ပုံ-ခမ်းသားငေါဝ်း(ပုံဟောင်း)
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#အထင်ကရပွဲတော်တစ်ခု
#တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်
#ပွဲတော်ရက်အတွင်း
#ဟိုတယ်အခန်းခ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။