ခမ်းသားငေါဝ်း
အောက်တိုဘာ ၃၀၊ ၂၀၂၄

“ဝ”ပြည် တရုတ်မြန်မာ နယ်စပ်ဂိတ်အားလုံးကို တရုတ်ဘက်က ပိတ်လိုက်သောကြောင့် ကုန်စည် စီးဆင်းမှုနည်းပြီး ကုန်ဈေးနှုန်း မြင့်တက်လာသောကြောင့် ဒေသခံပြည်သူများ အခက်တွေ့နေရကြောင်း အောက်တိုဘာ (၃၀)ရက်တွင် စုံစမ်းသိရသည်။

ရှမ်းပြည် အရှေ့ပိုင်း”ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ဖြစ်သည့် ကျိုင်းခမ်း၊ မိုင်းလားမြို့ရှိ ကုန်ပစ္စည်းအများစုသည် တရုတ်ဘက်ကအဓိကထား တင်သွင်း‌ပြီး ဂိတ်များအားလုံးကို တရုတ်ဘက်မှ တင်းတင်းကြပ်ကြပ် ပိတ်ထား‌ သောကြောင့် ယခုချိန်တွင် ‌ကုန်ဈေးနှုန်းနှစ်ဆ မြင့်တက်လာကြောင်း သိရသည်။

“ဝအဖွဲ့ကတော့ ဈေးတင်ရောင်းရင် အရေးယူမယ်ပြောထားပေမဲ့ လက်တွေ့မှာတော့ ကုန်ဈေးနှုန်းတက်တာက တက်တာပဲ အရင်ပတ်ကစပြီး အကုန်လုံး ဈေးတက်လာတာ”ဟု မိုင်းလား ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းခမ်းမြို့တွင်လည်း ယခင်ကထက် ကုန်ဈေးနှုန်းနှစ်ဆ မြင့်တက်လာသောကြောင့် ရှိနေသည့် ကုန်ပစ္စည်းများကို ဝယ်စုဆောင်းနေကြကြောင်း သိရသည်။

“ကုန်ဈေးနှုန်းက မြင့်သထက်မြင့်လာမယ် ပြောကြတော့ ဆန်တွေဝယ်စုနေကြတယ်။ တစ်ရက်နဲ့တစ်ရက်ဈေးတောင် မတူတော့ဘူးလေ။နောက်ပိုင်း ရဖို့ပိုခက်သွားမှာ စိုးလို့”ဟု ကျိုင်းခမ်း နေ ဒေသခံတစ်ဦးလည်း ပြောသည်။

“ဝ” တရုတ် နယ်စပ်ဂိတ်အားလုံးကို ပြီးခဲ့သည့် အောက်တိုဘာ (၂၄)ရက်က ကုန်စည် တင်သွင်းခွင့်ကို စတင်ပိတ်လိုက်ကြောင်း သိရသည်။

အလားတူ မူဆယ်၊ ကျယ်ခေါင်ဂိတ်ကိုလည်း တရုတ်ဘက်က အောက်တိုဘာ (၂၂)ရက်က စတင်ပိတ်ထားလိုက်ကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဝ
#တရုတ်မြန်မာ
#နယ်စပ်ဂိတ်
#ကုန်စည်စီးဆင်းမှုနည်း
#ကုန်ဈေးနှုန်းမြင့်တက်
#ဒေသခံပြည်သူများ
#အခက်တွေ့နေရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *