ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၉၊ ၂၀၂၄
ဆီဆိုင်မြို့တွင် သီတင်းကျွတ်အပြီးကုန်စျေးနှုန်း နှစ်ဆမြင့်တက်သည့်ကြား စစ်ကောင်စီတပ်ကိုတစ်ရက်သုံးနှပ် ထမင်းထုပ်ပို့နေရ၍ ပြည်သူများအခက်ခဲကြုံတွေ့နေရရြောင်းသိရသည်။
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ စစ်ကောင်စီ တပ်စွဲထားသည့် လွယ်တဖြွီးတောင်တွင် ယခင်ကတစ်ရက်ကိုထမင်းထုပ် တနပ်စာသာပို့ခဲ့ရသော်လည်း ယခုတစ်ရက်သုံးကြိမ်ပို့ဆောင်ပေးနေရကြောင်းသိရသည်။
“စစ်ပွဲပြီးကတည်းက အဆင်ပြေအောင်မနည်းလုပ်ရတာ၊အခုလိုသူတို့အတွက်ပါထပ်ပို့ရတော့ပိုဆိုးတာပေါ့၊အခုဆိုကုန်ဈေးနူန်းအများကြီးထိုးတက်လာတော့ဘယ်လို၀ယ်ရမှန်းတောင်မသိဘူး”ဟု ဒေသခံတစ်ဦးဆီကပြောသည်။
စစ်ကောင်စီ တပ်အတွက်ထမင်းထုပ်ကို နေ့စဥ်သုံးနပ်စာပေးပို့နေရပြီးယခင်ကအသားမပါလျှင် ပြဿနာ ရှာဆဲဆိုပြီးယခုတွင်အသားဟင်းမပါလည်း ဘာမှမပြောတော့ကြောင်းသိရသည်။
ဆီဆိုင်မြို့တွင် စစ်ပွဲပြီးကတည်းက ဒေသခံတစ်ချိူ့ နေ့စားအလုပ်များလုပ်ကိုင်စားသောက်နေရပြီး ကုန်ပစ္စည်းများဈေးမြှင့်တက်လာသည်နှင့်အမျှပိုပိုပြီး ခက်ခဲမူတွေရှိ လာကြောင်းသိရပါသည်။
ဒေသခံအမျိူးသား တစ်ဦးက“ဦးလေးတို့ဆို နေ့စားအလုပ်လုပ်ပြီး မိသားစုစားသောက်ဖို့အတွက်ပင်ပန်းစွာလုပ် ကိုင်နေရတာလေ၊အရင်ကတော့သူတို့အတွက်ထမင်းပို့တာတောင်မနိုင်တနိုင်နဲ့ပို့ရတာ၊ ကုန်ဈေးနူန်းပါအခုလိုထပ်တက်တော့ပိုပြီးအခက် အခဲတွေရှိတာပေါ့အခုဆို အိမ်အတွက်တောင်မနည်းအဆင်ပြေအောင်လုပ်နေရတာ”ဟု ပြောသည်။
ဆီဆိုင်မြို့တွင် ကုန်စည်စီးဆင်းမှုအတွက် စစ်ကောင်စီက တင်းကြပ်စွာစစ်ဆေးပိတ်ပင်ခြင်းကြောင့်ကုန်စျေးနှုန်းတက်နေသော်လည်း စစ်ကောင်စီ အတွက် ထမင်းထုပ်ပို့ပေးနေရကြောင်းသိရသည်။
လက်ရှိဆီဆိုင်မြို့ကို တောင်ကြီးမှသွားလာလျှင် စစ်ဆေးရေးဂိတ် (၉)ခုဖြတ်ကျော်ပြီး မှရောက်ရှိကြောင်း၊ အချို့ဂိတ်တွင် ငွေညစ်မှုရှိနေကြောင်းသိရသည်။
#ppv014
#Humanright
#hsihseng
#ထမင်းထုပ်
#စကစ
#WhatHappenInMyanmar
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။