ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၇ ၊ ၂၀၂၄
ဆီဆိုင်မြို့တစ်ချို့ရပ်ကွက်များအတွင်း စစ်ဘေးဒုက္ခရောက်သူများအတွက် စစ်ကောင်စီမှထောက်ပံ့လာသည့် ဆန်များအား ရပ်ကွက်လူကြီးများမှ ရောင်းစားခြင်းရှိနေကြောင်း ဒေသခံထံကသိရသည်၊၊
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ပေါ်တချို့ရပ်ကွက်များတွင် စစ်ကောင်စီမှလာရောက်ဗုံးကြဲပြီး ဒုက္ခရောက်နေသည့် ပြည်သူများအား ဆန်ပြည်လှည်ထောက်ပံ့လျှက်ရှိရာ ရပ်ကွက်လူကြီးအဖွဲ့များက အပြည့်မပေးပဲရောင်းစားခြင်းရှိနေသည်၊၊
“တချို့ရပ်ကွက်က ဆီဆိုင်မှာရောင်းရင် လူတွေသိမှာစိုးလို့ တခြားမြို့မှာသွားရောင်တာလည်းရှိတယ် မြို့တွင်းပြန်ရောင်းတဲ့ ရပ်ကွက်လည်းရှိတယ် တစ်အိတ်ကိုးသောင်းနဲ့” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်၊၊
တစ်ချို့ရပ်ကွက်တွင် ပျက်စီးသည့်နေအိမ်များအတွက် ထောက်ပံ့ကြးအားစစ်ကောင်စီလက်အောက် လူကယ်ပြန်မှထောက်ပံ့ရာတွင်လည်း လုံးဝပျက်စီးသည့်အိမ်အား ၁၀ သိန်းတချို့အိမ်အား ၇ သိန်းတစ်ချို့အိမ်အား ၅ သိန်းစသည်ဖြင့်ထောက်ပံ့ရာတွင်လည်း အပြည့်အဝမရကြောင်း သိရသည်၊၊
နောက်ဒေခံတစ်ဦးကလည်း “သတင်းမှာတော့လုံးဝပျာကြသွားတဲ့အိမ်ကို ၁၀ သိန်းထောက်ပံ့တယ်လို့ရေးထားတယ် လက်တွေ့ရတာက ၉ သိန်းခွဲ ငါးသိန်းသမားဆိုရင် ၄ သိန်းခွဲ တချို့က အိမ်တော့ပျက်စီးသွားတယ် လုံးဝမရတဲ့အိမ်လည်းရှိတော့ မရတာထက်စာရင် ရသလောက်နဲ့တင်းတိမ်ရတာပေါ့” ဟုပြောသည်၊၊
ဆီဆိုင်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီနောက်ဆုံးအပတ်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PNLA ပအိုဝ်ႏလွတ်မြောက်ရေးတပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ လာရောက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီမှလေကြောင်းနှင့် နေစဥ်တိုက်ခိုက်ခြင်းကြောင့် မြို့ပျက်သဖွယ်ဖြစ်ခဲ့ပြီး လက်ရှိတွင်စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ကပြန်လှည်ထိန်းချုပ်ထားကြောင်း သိရသည်၊၊
PPV001
ဓာတ်ပုံ- စစ်ကောင်စီမှလေကြောင်းဖြင့်တိုက်ခိုက်စဥ်(Crd)
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့
#ရပ်ကွက်များအတွင်း
#စစ်ဘေးဒုက္ခရောက်သူများ
#စစ်ကောင်စီမှထောက်ပံ့လာသည့်ဆန်
#ရပ်ကွက်လူကြီးများမှရောင်းစားနေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။