ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၅၊ ၂၀၂၄

အောင်ပန်း- ကလောလမ်းတွင် သားအမိနှစ်ဦး၏ ဆိုင်ကယ်နှင့် လက်ဝတ်လက်စားများလုယူခံရသည့်အပြင်လူလည်း ရိုက်နက်ခံရသည့်အတွက် မိခင်ဖြစ်သူသေဆုံးသွားပြီး သားဖြစ်သူအပြင်းအထန်ဒဏ်ရာ ရခဲ့ကြောင်း နာရေးကူညီမှုအသင်း အောင်ပန်း ထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း မြို့အဝင် တောင်ရိုးစာပေနှင့်ယဥ်ကျေးမှုရုံးအနီး မယ်ခိုတောင်တက်လမ်း(လမ်းမကြီးနှင့် ပေ ၂၀ ခန့်အကွာ) ၌ အောက်တိုဘာလ ၂၄ ရက်နေ့ မနက် ၉ နာရီခန့်အချိန်တွင် သားအမိနှစ်ဦး အလှူပွဲမှပြန်အလာ ခေတ္တအနားယူနေစဥ် ဆိုင်ကယ် နှင့် လက်ဝတ်စားများ ရိုက်လုခံရသည်။

” ကလောကအလှူပွဲကနေပြန်လာတယ်လို့ပြောတယ်၊ အဲ့မှာ အမေဖြစ်သူက ခေါင်းမူး၊အသက်ရှူကြပ်လာလို့ ခနနားနေတာ၊ အဲ့ချိန်မှာပဲ ဆိုင်ကယ်မောင်းလာတဲ့ လူနှစ်ယောက်က ကျောက်ခဲထည့်ထားတဲ့အိတ်နဲ့ ဝင်ရိုက်ပြီး၊ဆိုင်ကယ်၊ဆွဲကြိုး၊ လက်စွပ်တွေကို လုယက်သွားတာဖြစ်တယ်” ဟုနာရေးကူညီမှုအသင်းအောင်ပန်း တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

အဆိုပါ ရိုက်နက်လုယူမှုကြောင့် သားအမိ နှစ်ဥိီးလုံးအပြင်းအထန်ဒဏ်ရာရရှိသွားပြီးအမေဖြစ်သူမှာ ဆေးရုံရောက်ပြီး နာရီဝက်ခန့်အကြာတွင် ရရှိဒဏ်ရာ ဖြင့် သေဆုံးသွားကြောင်းသိရသည်။

” နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန်ရသွားတယ်၊ အမေဖြစ်သူက အခင်းဖြစ်တဲ့နေရာမှာကတည်းအခြေအနေမကောင်းတော့ဘူး၊ သူ့သားကတော့ ခေါင်းခုံကွဲသွားတယ်၊ ဦးနှောက်အစတွေပါ မြင်နေရတယ်၊ နှစ်ယောက်လုံးကို တောင်ကြီး စပ်စံထွန်းဆေးရုံပို့လိုက်တယ်၊ အမေဖြစ်သူကတော့ ဆေးရုံရောက်ပြီး နာရီဝက်လောက်အကြာမှာပဲ ဆုံးသွားတယ်” ဟု ၎င်းကဆက်ပြောသည်။

အောင်ပန်းတွင် ယခင်ကလည်း နေ့လည်နေ့ခင်းအချိန်တွင်ပင် လုယက်မှုများ မကြာခဏဖြစ်ပွားခဲ့ကြောင်းသိရသည်။

#PPV 003
#မှုခင်း
#အောင်ပန်း
#လုယက်မှု၊
#WhatHappenInMyanmar

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *