ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၃၊ ၂၀၂၄
“လေယာဥ် နဲ့ဗုံးလာကြဲတဲ့အချိန်က ဒီရွာပတ်ပတ် လည်အကုန်လာချတယ်၊ ကျွန်မတို့ ကချင်ရွာအပေါ်ပိုင်းမှာပေါ့ ဒုတိယ အကြိမ်လာကြဲတဲ့အချိန်မှာကျွန်မတို့မိသားစု အိမ်ကိုထိတာပေါ့” ဟုဗုံးကြောင့်သေဆုံးသူ အီနိုင်းရွာနေ ဦးဇော်ရှိန်၏မိသားစုကပြောသည်။
လားရှိုးမြို့၊ အီနိုင်းရွာ လွယ်တောင်တွင်နေထိုင်သော ဦးဇော်ရိန်သည် စစ်ကောင်စီမှ ဗုံးလာကြဲချိန် သားငယ်လေးအတွက် သူ့ရဲ့ခန္ဓာကိုယ်ကို ကာပေးရင်း အသက်သေဆုံးခဲ့ရကြောင်း သိရသည်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အီနိုင်းရွာတွင်ကချင်လူမျိုး ဦးဇော်ရိန် အသက်(၅၁)နှစ်ရှိသူသည် လေကြောင်း ဗုံးကြဲချိန် သားငယ်လေး အိပ်ပျော်နေပြီး ဗုံးသံကြောင့် ထွက်ပြေးရန် အချိန်မမီဘဲ သားငယ်လေးအပေါ် သူ့၏ ခန္ဓာကိုယ်ကို ကားပေးရင်း အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“အဲဒီညမှ ရွာရဲ့အောက်ပိုင်းမှာကျတဲ့တလုံးက အမျိုးသမီး တစ်ဦး ထိတယ် သူလည်းအခုဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်”ဟု ကျန်ရှိ ဦးဇော်ရိန်မိသားစုက ကိုးကန့်မီဒီယာကိုပြောသည်။
တိုက်ပွဲ စဖြစ်သည့်အချိန်တွင် အစစအရာရာသတိနှင့် ဂရုစိုက်နေထိုင်ကြသော်လည်း စစ်ရှောင်ဘက်တွင်လည်းနေထိုင်သလို မိမိလုပ်ငန်းခွင်တွင်လည်းနေထိုင်ကြောင်းဆိုသည်။
ကျန်ရှိ အိမ်တွင် ဝက်မွေးထားသည့်အတွက်မကြာ ခဏပြန်လာရပြီး အိမ်တွင်းပုန်းခိုသည့်နေရတာများလည်းပြင်ဆင်ထားကာနေထိုင်ခဲ့သော်လည်း စစ်ပွဲပြီး၍လူထုကိုပစ်မှတ်ထားတိုက်ခိုက်မည်ဟုမထင်ထားဘဲ လုပ်ငန်းခွင်မှထိုညအိမ်ပြန်နေကာမှ ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။
အောက်တိုဘာ (၁၄)ရက်နေ့က စစ်ကောင်စီမှ လေကြောင်းဖြင့် ပေါင်ချိန်များသော ဗုံး (၃)လုံးနှင့် ဗုံးအသေးစား (၄)လုံးဖြင့်ဆက်တိုက်ကြဲ ခဲ့ရာ အီနိုင်းရွာ လွယ်တောင်တွင် နေထိုင်သော ရွာသား (၃)ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရသည့်အပြင် ဘုရားကျောင်း၊မူကြိုကျောင်းနှင့် နေအိမ်များစွာ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“ကိုဇော်ရိန်က သုကဘယ်အချိန်မဆိုမိသားစုကိုကာကွယ်ပေးတဲ့ဖခင်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် အဲမှာ သူ့သားအငယ်လေးနဲ့သူ အတူတူအိပ်နေတယ်၊ သူ့သားအငယ်ကို တခါတည်းသူ့ရင်ခွင်မှာကာလိုက်တာပေါ့ ကျလာတဲ့အုတ်ခဲမှန်သမျှသူ့အဖေဆီပဲ ၊ကျွန်မလာကြည့်တော့ခေါင်မှာလည်းထိတယ်ပေါင်မှာလည်းပြင်ပြားထိုဖောက်ထားတယ် သူ့ခေါင်းဒဏ်ရာနဲ့အသက်ဆုံးသွားရတယ်”ဟု ကျန်ရှိမိန်းမဖြစ်သူက ငိုရင်ပြောသည်။
ဦးဇော်ရိန်ဟာ ၆ နှစ်အရွယ်သားကို ကာကွယ်ရင်း ဗုံးကြဲမှုကြောင့်ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိ၍ အသက်ပေးခဲ့လိုက်ရခြင်းဖြစ်သည်။
ဦးဇော်ရိန်ဟာ သားသုံးဦးရှိပြီး မိသားစု ၅ ဦးရှိကြောင်းသိရသည်။
“ကျွန်မအမျိုးသားဆုံးပွားသွားတော့ ခံစားချက်က ကမ္ဘာပြိုတဲ့နေ့ ကမ္ဘပျက်တဲ့နေပေါ့ ကျွန်မတို့မိသားစုအတွက်ကတော့၊ မိသားစုအပေါ်မှာအမြဲတမ်းနွေးထွေးမှုပေးတယ်”ဟုကျန်ရှိအမျိုးသမီးကဆိုသည်။
စစ်ကောင်စီ ဗုံးကြဲ မှုကြောင့် ဦးဇော်ရိန် မိသားစုပိုင် ဆန်ကြိတ်စက် နေအိမ်အဆောက်အဦးအားလုံး ပျက်စီးခဲ့ပြီး ကျန်ရစ်သူ အမျိုးသမီးနှင့် သားလေး (၃)ယောက်သည် စားဝတ်နေရေးအတွက် အခက်ခဲကြုံနေရကြောင်း သိရသည်။
ယခုချိန်တွင် ရွာသားများက ရွာထဲတွင် မနေရဲပဲ ညမိုးချုပ်ရင် ထွက်ပြေးရှောင်နေရကြောင်း ဦးဇော်ရိန်၏ အမျိုးသမီးက ပြောသည်။
အခုလို အဖြစ်ဆိုးနှင့် ကြုံရတာခြင်းသည် ကျွန်မတို့မိသားစု နောက်ဆုံးဖြစ်စေလိုကြောင်း၊ ထိုအဖြစ်ဆိုးနှင့် ကြုံရမြင်ရခြင်း များစွာ ရှိခဲ့ပြီ၊ ထပ်ပြီး အပြစ်မဲ့ပြည်သူများကို လေကြောင်းဖြင့် ဗုံးကျဲမှုကို ရပ်ပေးဖို့ မေတ္တာရပ်ခံထားသည်။
စစ်ကောင်စီက ရှမ်းပြည်နယ် မြောက်ပိုင်းကို တောက်လျှောက် လေကြောင်းနှင့်ဗုံးကြဲတိုက်ခိုက်နေကြောင်းသိရသည်။
#PPV0011
#Humanright
#အီနိုင်းရွာ
#လေယာဉ်ဗုံးကြဲ
#ထိခိုက်သေဆုံး