ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၂၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် နမ့်ဆန်မြို့တို့ကို စစ်ကောင်စီတပ်က အောက်တိုဘာလ (၂၁)ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြ အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း (TNLA) က သတင်းထုတ်ပြန်ထားသည်။
နောင်ချိုမြို့ သပြေရပ်ကွက်တွင် အောက်တိုဘာ (၂၁) ယနေ့ နံနက် (၁)နာရီကျော်၌ စစ်ကောင်စီိကလေကြောင်းမှတစ်ဆင့် ပေါင်(၃၀၀)ဗုံး (၂)လုံး နှင့် ဗုံး(၆)လုံး လာရောက်ကျဲ ချတိုက်ခိုက်သွားကြောင်း ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဦးဂိုကာနတ်၏ နေအိမ်နှင့် ပါဟတ်ရပ်ကွက်ရှိ ဆိုင်ခန်းတချို့ ပျက်စီးကာ အရပ်သားတစ်ဦး ဒဏ်ရာရကြောင်း ဖော်ပြထားသည်။
“ရှောင်ဖို့ကလည်း ဘယ်နေရာသွားရှောင်ရမလဲ။ ငါတို့လည်း အဆင်ပြေမယ်ထင်တဲ့နေရာတော့ သတိထားနေနေတာပဲ။ ထိခိုက်တာက ပြည်သူတွေပဲဗျာ သူတို့အတွက် ဘာအကျိုးမြတ်ရတာလဲ မသိဘူး”ဟု နောင်ချို ဒေသခံတစ်ဦးက ပြောသည်။
အလားတူ နံနက်(၈)နာရီ မိနစ်(၃၀) တွင် နမ်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ကျောင်းဆောင်တချို့ ပျက်စီးသွားကြောင်း သိရသည်။
အောက်တိုဘာလ (၁၉)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား(၄)ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သတင်းကျွတ်လပြည့်ညတွေလည်း စစ်ကောင်စီမှ နောင်ချိုမြို့အတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ (၄)ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
PPV0011
ဓာတ်ပုံ-TNLA
#လေကြောင်းဖြင့်ဗုံးကြဲ
#နောင်ချိုမြို့
#နမ့်ဆန်မြို့
#အဆောက်အဦးများပျက်စီး
#TNLA
#ဘုန်းကြီးကျောင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။