ခမ်းသားငေါဝ်း
အောက်တိုဘာ၂၁၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ နှင့် ကလောမြို့ တို့တွင် တစ်ရက်အတွင်း မော်တော်ဆိုင်ကယ် ၆ စီး ထက် မနည်း ပျောက်ဆုံးမှု ရှိခဲ့ကြောင်းသိရသည်။
အောက်တိုဘာလ (၁၉) ရက်တွင် ရွှေညောင်မြို့တွင် တစ်ရက်အတွင်း မော်တော်ဆိုင်ကယ် ၄ စီး အခိုးခံရကြောင်း သိရသည်။
“ယခုရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့တွေမှာ အခြေချလာသူ များပြားလာသဖြင့် စရိုက်စုံလာတယ် သတိထားဖို့ လိုအပ်တယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။
ရွှေညောင်ရှိ ဆိုင်ကယ် ပြင်ဆိုင် တစ်ဆိုင်တွင် ချိန်းဆို၍ မော်တော်ဆိုင်ကယ် ခန အစမ်း မောင်းကြည့်မည်ဟု ဆိုကာ မောင်းယူထွက်ပြေးမှုလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မော်တော်ဆိုင်ကယ် ဝယ်ယူမည် ဟုဆိုကာ ငွေ ၁၀ သိန်း ပေး၍ မောင်းယူထွက်ပြေးမှု ဖြစ်ပွားမှုလည်းဖြစ်ပွားပြီး အဆိုပါ ငွေများသည်လည်း ငွေတုများ ဖြစ်နေကြောင်း သိရသဖြင့် စုံစမ်းနေကြောင်း သိရသည်။
ထိုသို့ ရွှေညောင်တွင် တစ်ရက်အတွင်း မော်တော် ဆိုင်ကယ် ပျောက်ဆုံးမှု ၄ မှု ဆက်တိုက် ဖြစ်ခဲ့သဖြင့် သူခိုးများ ခေါင်းထောင် လာပြန်ပြီ ဖြစ်ကြောင်း ဒေသခံများကပြောသည်။
ရွှေညောင်မြို့ ကုန်းလှိုင်ကန် အနီးရှိ ဓမ္မာရုံတွင် လားရှိုး စစ်ဘေးရှောင် တစ်ဦး၏ အိုင်ဖုန်းကိုလည်း အလစ်သုတ်သူ တစ်ဦးက ချောင်းမြောင်း၍ အပေါ့ သွားစဉ် ဝင်ရောက် ခိုးယူမှုလည်း ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
အောက်တိုဘာလ ၁၉ ရက် နေ့လည် (၁) နာရီ အချိန် ကလောမြို့ ၊ အိုးစည်တောင် တက်လမ်းတွင် ဓါးဖြင့် ထောက်၍ ဆိုင်ကယ် ဓါးမြတိုက်ခံရပြီး ၊ လူငယ်လေးယောက် တို့ပိုင်ဆိုင်သော ဆိုင်ကယ် ၂ စီး၊ ဖုန်းလေးလုံး၊ ပိုက်ဆံများလည်း ပါသွားကြောင်းသိရသည်။
အဆိုပါ ကလောမြို့ ၊ အိုးစည်တောင် တက်လမ်းတွင် ယခင်က ထိုဖြစ်စဉ်မျိုး မကြားဖူးဘဲ ယခုဖြစ်စဉ်များကြောင့် ခရီးသွား ဧည့်သည်များ အနေဖြင့် အသွားအလာ ဂရုစိုက်ကြရန် လိုအပ်မည် ဖြစ်ကြောင်း ဒေသခံများက အကြံပေးထားသည်။
#ppv006
#မှုခင်း
#ဆိုင်ကယ်သူခိုး
#ကလော
#ရွှေညောင်
#WhatHappenInMyanmar
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။