ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၁၊ ၂၀၂၄
ရွာငံမြို့နယ်ရှိဂိတ်များတွင် အစစ်ဆေး တင်းကြပ်မှုကြောင့် သီတင်းကျွတ်အချိန်ကာလတွင် ခရီးသွားဧည်သည်များ လာရောက်လည်ပတ်သူ နည််းပါးကြောင်းဒေသခံထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်းပိုင်း ၊ ရွာငံမြို့ရှိ ရွာငံ-အောင်ပန်းလမ်း ကျုံးဂိတ် ၊ ရွာငံမြို့အဝင်ဂိတ်နှင့် မန္တလေးသွားလမ်း ပေါ်များတွင် အစစ်ဆေး တင်းကြပ်သဖြင့် သီတင်းကျွတ် အချိန် ကာလတွင် ခရီးသွားဧည်သည်များ လာရောက်လည်ပတ်သူ နည််းပါးကြောင်း သိရသည်။
“အစစ်ဆေးလဲများလို့မလာရဲတာလဲပါတယ်။ ပြီးတော့ နိုင်ငံရေးအခြေနေကမကောင်းတော့ ခရီးသွားတွေလည်း သိပ်မလာတော့ဘူး ။ပြီးတော့ ရေတံခွန်ဆိုလည်း ရေတွေကြီးမြေပြိုထားတော့ ပျက်စီးကုန်ပြီလေ လည်ပတ်စရာ သိပ်မကျန်တော့တာကြောင့် မလာကြတာလဲပါတယ်” ဟုဒေသခံတစ်ဦးကပြောသည်။
ရွာငံဒေသ ရှိ ဒေသခံများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်သဖြင့် ခရီးသွားဧည်သည်များလာရောင်လည်ပတ်ချိန်တွင် ဒေသထွက်သီးနှံ့များ စျေးကောင်းရရှိပြီး အခြေခံလူတန်းစားများအတွက် စားဝတ်နေရေးအဆင်ပြေကြောင်း ယခုလာရောက်လည်ပတ်သူနည်းသည့်အတွက် အဆင်မပြေကြောင်း သိရသည်။
“ပုံမှန်ဆို ခရီးသွားတွေလာရင် ဒေသထွက်သီးနှံတွေကို စျေးကောင်းကောင်းနဲ့ရောင်းရတယ်လေ။ စျေးရောင်းကောင်းတယ်။ ဝင်ငွေကောင်းတယ်။ အခြေ ခံလူတန်းစားအတွက်အဆင်ပြေတယ်။ အခုက စျေးလဲမရောင်းရ ခရီးသွားကလည်းနည်းတယ်ဆိုတော့ စားဝတ်နေရေးအတွက်ခက်ခဲလာတယ်”ဟု ၎င်းကဆက်ပြောသည်။
ရွာငံမြို့နယ်အတွင်း ခရီးသွားလာသူ ၁/ ၂/ ၅/ နှင့် ၈ (မျဉ်းစောင်း) များဖြစ်ပါက အသွားအလာကို ပိုမိုတင်းကြပ်ထားစွာ စစ်ဆေးမှုများပြုလုပ်နေကြောင်းကို သိရှိရပါသည်။
PPV0013
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ရွာငံမြို့
#ရွာငံ-အောင်ပန်းလမ်း
#ကျုံးဂိတ်
#ရွာငံမြို့အဝင်ဂိတ်
#မန္တလေးသွားလမ်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။