ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၁၊ ၂၀၂၄

ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် လူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် သီတင်းကျွတ်ကာလ၌ ရွာသူ/သားများညအချိန်ဘုန်းကြီးကျောင်း ဆီမီးထွန်းပူဇော်ရန်အပြင်မထွက်ရဲဘဲစိုးရိမ်ထိတ်လန့်နေ ကြကြောင်း သိရှိရသည်။

ရှမ်း​ပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက် နေ့က လူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် ရွာငံမြို့နယ်အတွင်းခရီးသွားလာမှုကို အရင်ကထက် ပိုမိုပြီးတင်းကြပ်ထားပြီး ၁/ ၂/ ၅/ နှင့် ၈/ (မျဉ်းစောင်း) များ၏ အသွားအလာကို အဓိကထား စစ်ဆေးနေကြကြောင်း သိရှိရသည်။

“အခုဆိုရွာထဲကလူဆိုလည်း အပြင်မထွက်ရဲကြတော့ဘူး ဘုရားမှာလည်းဘယ်သူမှ ဆီမီးမထွန်းရဲတော့ဘူး ဒီနှစ်သီတင်းကျွတ်က ကျနော်တို့ရွာကလူတွေ ကျွတ်တောင်မကျွတ်လိုက်ရဘူးဗျာ” ဟု ဒေသခံတစ်ယောက်က ပြောသည်။

လူသတ်မှုဖြစ်ပွားခဲ့ပြီး နောက်ရက်တစ်နေ့တွင် စစ်ကောင်စီက ရွာထဲကို ကားသုံးစီးဖြင့်လာခဲ့ပြီး သံသယရှိသူ သုံးယောက်ကို ဖမ်းသွားသည်ဟု သိရသည်။

ထိုဖမ်းသွားသည့်သုံ​ယောက်ထဲတွင် တစ်ဉီးသာ ပြန်လွတ်လာပြီး ကျန်သည့်နှစ်ဉီးက ယခုအချိန်ထိဖမ်းထားလျက်ရှိကြောင်းသိရသည်။

“လူသတ်မှူဖြစ်ပွားပြီးခဲ့တဲ့ချိန်မှာဆိုရင် ညနေခင်းကျနော်ထမင်းချက်တဲ့အချိန်မှာပဲ စကစက ရွာထဲမှာ သေနတ်တွေလိုက်ဖောက်တာပဲ အစကသီတင်း ကျွတ်ဗောက်အိုး​ဖောက်တာပဲထင်နေတာ မဟုတ်ဘူး သေနတ်တွေလာဖောက်တာ”ဟု ၎င်းကဆက်ပြောသည်။

ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်ခန့်တွင် ရွာ၏အုပ်ချုပ်ရေးမှူးလင်မယားအသတ်ခံခဲ့ရကြောင်းသိရသည်။

#ppv015
#Humanright
#ရွာငံ
#သိမ်ကုန်း
#လူသတ်မှု

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed