ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၁၊ ၂၀၂၄
တောင်ငူလေတပ်စခန်းကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် NSA31 မြို့ပြပြောက်ကျားအဖွဲ့နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည် ပူးပေါင်းစစ်ဆင်ရေး အဖွဲ့သည် အောက်တိုဘာလ (၂၀) ရက်၊ ည (၈) နာရီ (၂၃) မိနစ် အချိန်တွင် ရှော့တိုက်ဒုံး(၃) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို နှစ်လုံးထိမှန်ခဲ့ကြောင်း(BWM) က သတင်းထုတ်ပြန်ထားသည်။
တောင်ငူမြို့ရှိ စစ်ရှုံးကောင်စီ၏ လေတပ်သည် နိုင်ငံတဝန်းတွင် လေကြောင်းစစ်ဆင်ရေးများကို အရှိန်ဟုန်မြှင့်၍ လုပ်ဆောင်နေသည့် အတွက် အပြစ်မဲ့ ပြည်သူများ နေ့နေ့ညည အသက်ဆုံးရှုံးနေရသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့ ဝင်များသိမ်းပိုက်ထားသည့် နယ်မြေများတွင်လည်း ပြည်သူများကို မနေထိုင်စေချင်သည့် စစ်ရှုံးကောင်စီသည် ညတိုင်း လေကြောင်းဖြင့် တိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။
ထို့ပြင် တောင်ငူလေတပ်သည် ကရင်ပြည်နယ်၊ ကရင်နီ ပြည်နယ် နှင့် ရှမ်းတောင် တို့ရှိ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက် ရာတွင် စစ်ရှုံးကောင်စီ အဓိက အားထားရသော လေတပ်စခန်း တစ်ခု ဖြစ်သောကြေင့် တောင်ငူ လေတပ် မစ်ရှင်ကို စီစဉ် အကောင်အထည်ဖော်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
(BWM)အနေဖြင့်လည်း ဆက်လက်၍ အရှိန်အဟုန် တိုးမြှင့်ပြီး လေတပ် နှင့် စစ်ရေး ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်ကို တိုက်ခိုက်နေသော လေတပ်ကို နှိမ်နှင်းရန် လိုအပ်ပြီး တော်လှန်ရေးအင်အားစုများလည်း လေတပ်ကို နည်းမျိုးစုံနှင့် တွန်းလှန်ကြဖို့ တိုက်တွန်းထားသည်။
PPV0011
#စစ်ရေး
#တောင်ငူလေတပ်စခန်း
#Brave Warriors for Myanmar (BWM)
#NSA31
#မြို့ပြပြောက်ကျားအဖွဲ့
#စစ်တောင်းမြစ်ဝှမ်းရေတာရှည်ပူးပေါင်းစစ်ဆင်ရေး
#ရှော့တိုက်ဒုံး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။