ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၁၊ ၂၀၂၄

မွန်ပြည်နယ်၊ ရေးမြို့ ရေး – သံဖြူဇရပ် ကားလမ်းမပေါ်ရှိ စံပြကျေးရွာအနီး တပ်စွဲထားသော ခမရ (၅၈၈) ယာယီအထိုင်စခန်းအား ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ ဗိုလ်ကြီးတဦးအပါအဝင် (၅) ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသမှ အောက်တိုဘာ(၂၀)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကင်းလှည့်ရန်ဆင်းလာ သော စစ်ကောင်စီတပ်နှင့် မျက်နှာချင်းဆိုင်တွေ့ကာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ‌တော်၊ တောင်ပိုင်းစစ်ဒေသနှင့် ပူးပေါင်းတပ်ဖွဲ့များက အောက်တိုဘာလ (၁၇) ရက်နေ့တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်၊၊

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးလှိုင်ဝင်းထွဠ် အပါဝင် (၅) ဦးသေဆုံးကာ (၃)ဦးဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့၏ MA1 (၁)လက်၊ MA 2 (၁)လက်ကို ပူးပေါင်းအဖွဲ့က သိမ်းဆည်းရရှိခဲ့‌ ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲမှ စစ်ကောင်စီတပ် ပစ်လိုက်သော လက်နက်ကြီး(၃) လုံးစံပြကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပြည်သူ့နေအိမ် တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် (၂)ဦးသည် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကာ (၁)ဦးဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထိုတိုက်ပွဲတွင် ဒေါနတပ်ရင်း တပ်ရင်းလုံခြုံရေးတပ်ခွဲ၊ ဒေါနတပ်ခွဲ(၃) ရေးပျောက်ကျားတပ် YGFတပ်ခွဲ၊ဗျူဟာ (၃၃) အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ KNLA တပ်ရင်း(၂၇)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့(NMSP – AD)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တပ်ရင်း (၁)၊ YPDF တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PPV0011
ဓာတ်ပုံ – Cobra Column Fundraising Team
#စစ်ရေး
#မွန်ပြည်နယ်
#ရေးမြို့
#သံဖြူဇရပ်
#ကားလမ်းမပေါ်
#စံပြကျေးရွာ
#ပူးပေါင်းမဟာမိတ်တပ်ဖွဲ့
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed