ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၀၊ ၂၀၂၄

ယခုနှစ် စစ်ကောင်စီ ပြုလုပ်မည့် တောင်ကြီးတန် ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်မြောက်ရေး အတွက် စျေးဆိုင်ခန်းထံ အလှူငွေလိုက်လံကောက်ခံနေကြောင်း ဒေသခံ ထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးတန်ဆောင် တိုင် မီးပုံးပျံပွဲတော် ကျင်းပနိုင်ရန် အတွက် တောင်ကြီးမြို့မစျေး ဆိုင်ခန်းများထံ အလူငွေလိုက်လံကောက်ခံနေခြင်းဖြစ်သည်။

“အလှူငွေ ကောက်ခံခြင်းဟာ မဖြစ်သင့်ဘူး ၊ မလုပ်သင့်ဘူး ”ဟု တောင်ကြီးမြို့မစျေး ဆိုင်ခန်းရှင် တစ်ဦးက ပြောသည်။

၂၀၂၄ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ပွဲကျင်းပရေးကော်မတီမှ ရန်ပုံငွေ ရှာဖွေ ရမည်ဟုလည်း သတင်းများပေါ်ထွက်နေကြောင်း သိရသည်။

တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖြစ်မြောက် ရေး မြို့မစျေးတွင် အလှူငွေ ကောက်ခံခြင်းကို အောက်တိုဘာလ အစောပိုင်းကတည်းက စတင် ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်အား အဝေရာ မီးပုံးပျံကွင်းတွင် နိုဝင်ဘာလ (၉) ရက်မှ (၁၅) ရက်အထိ (၇)ရက် တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာပါသည်။

ယခုနှစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ရေကြီး နစ်မြုပ်ခြင်းကြောင့် ရှမ်းစက္ကူ ဝယ်ရခက်ခဲပြီး ရှမ်းစက္ကူစျေးကို ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ် ကြားအထိ ပေါက်စျေး ရှိကြောင်း သိရသည်။

ထို့ပြင် ယမ်းပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများမှာလည်း ယခင်က ရှမ်းမြောက် လားရှိုးလမ်းကြောင်း အတိုင်း ဝယ်ယူရပြီး၊ ယခုအခါ မြ၀တီ မှ တဆင့် ဝယ်ယူရမည် ဖြစ်ကြောင်း၊ မီးပုံးပျံ အဖွဲ့ကြီးများ အနေဖြင့် ယခင်နှစ် လက်ကျန် ယမ်းများကြောင့် အဆင်ပြေသော်လည်း ၊ တောင်ကြီးနှင့် အခြားမြို့များအတွက် အသုံးပြုရမည့် ယမ်းပစ္စည်း အဓိက ပစ္စည်းများ ဝယ်ယူရန် အခက်အခဲ ရှိကြောင်း ကြား သိရသည်။

ကိုဗစ် ၁၉ ဖြစ်ပွားပြီးနောက် တောင်ကြီး တန်ဆောင် တိုင် မီးပုံးပျံ ပွဲတော်ရပ်နားခဲ့ရပြီး ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီက ပြန်လည်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ၊ လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း သိရသည်။

#ppv006
#တောင်ကြီတန်ဆောင်တိုင်
#Humanright
#WhatHappenInMyanmar
#မီးပုံးပျံ

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed