ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၉၊ ၂၀၂၄

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကလေယာဥ်ဖြင့်လာရောက်ပစ်ကူပေးနေကြောင်းအောက်တိုဘာ ၁၉ ရက်ကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းလောင်းမြို့တောင်ဘက်ရှိ နောင်ဝိုး၊ပင်စုံ၊နမ်းဖာမူ၊ကောင်သုဲင် ကျေးရွာများတွင် တော်လှန်ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့အကြား တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ယနေ့ မနက် ၈ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီဘက်မှ လေယာဥ်ဖြင့်လာရောက်ပစ်ကူပေးခဲ့ကြောင်းသိရသည်။

” တိုက်ပွဲက ပြင်းထန်နေတုန်းပဲ၊ လက်နက်ကြီးတွေတော့နေ့တိုင်းပစ်တယ်၊ ဒီမနက်တော့ လေယာဥ်နဲ့ လာပစ်သွားတယ်” ဟုဒေသတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ပင်လောင်းတိုက်ပွဲတွင် တစ်လနီးပါးကြာမြင့်နေပြီဖြစ်ပြီး ယနေ့အချိန်ထိတိုက်ပွဲများဆက်လက်ပြင်းထန်နေကာ ဒေသခံအမြောက်အများ ဘေးလွတ်ရာသို့တိမ်းရှောင်နေရဆဲ ဖြစ်သည်။

စစ်ဘေးရှောင် သောင်းချီများအတွက် စားနပ်ရိက္ခာ နှင့်နေရာထိုင်ခင်ူများလည်း အကူညီလိုအပ်နေကြောင်းသိရသည်။

photo local
#PPV003
#တိုက်ပွဲသတင်း
#ပင်လောင်း
#WhatHappenInMyanmar

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed