ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၈၊၂၀၂၄

လွိုင်ကော်မြို့ အဝင်မုဒ်ဦးကို စစ်ကောင်စီက ဆေးအပြာရောင်ပြောင်းသုတ်လိုက်ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့အဝင် ကြိုဆိုပါ၏ မုဒ်ဦးကို စစ်ကောင်စီက အောက်တို ဘာ ၁၆ ရက်တွင် မူလဆေးရောင် အနီရောင်မှ အပြာရောင်သို့ ဆေးရောင် ပြောင်းသုတ်လိုက်ကြောင်းသိရသည်။

”မူလဆေးကလည်း အကောင်းတိုင်းရှိနေသေးတာ၊ ဘာလို့ပြောင်းသုတ်လိုက်တာလည်းမသိဘူး၊ ယတြာချေတာလား၊ အနီရောင်ကို ပဲ သက်သက်ပြောင်းချင်တာလား၊ လွိုင်ကော်မြို့ကို သူတို့ထိန်းချုပ်နိုင်ပြီဆိုတဲ့ပုံစံမျိုးလုပ်တာလားမသိဘူး၊ ဒါပေမယ့် ဘာသက်ရောက်မှုမှတော့ မရှိပါဘူး” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်ကတည်း အဆိုပါ မုဒ်ဦးကို တည် ဆောက်ခဲ့ပြီး အနီရောင်အဖြစ်ဆေးသုတ်ခဲ့ကာ ယခုတွင်စစ်ကောင်စီက အပြာရောင်သို့ပြောင်းသုတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

လွိုင်ကော်မြို့တွင် ဌာန ဆိုင်ရာဝန်ထမ်းများ ၆၀ ရာခိုင်နှုန်းခန့် ပြန်လည်တာဝန်ထမ်းဆောင်နေပြီး လာမည့် နိုင်ဝင်ဘာလတွင်လည်း တက္ကသိုလ်များကို ပြန်လှန်ဖွင့်လှစ်မည်ဟုစစ်ကောင်စီဘက်မှ ထုတ်ပြန်ထားကြောင်းသိရသည်။

photo online

#PPV 003
#WhatHappenInMyanmar
#လွိုင်ကော်
#social
#ကယား
#မုဒ်ဦးဆိုင်းဘုတ်

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *