ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၇၊ ၂၀၂၄
ဆီဆိုင်မြို့ ဝန်ထမ်းအိမ်ရာ ရှေ့ စစ်ကောင်စီနှင့်ရဲစစ်ဆေးရေးဂိတ်သည် ရွာသားနှင့် ဒေသခံပြည်သူကို ဗိုလ်ကျအနိုင်ကျင့် ဆဲဆိုငွေတောင်းနေသည်ဟု ဆီဆိုင်မြို့ခံထံသိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်းဆီဆိုင်မြို့တောင်ဘက်ဝန်ထမ်းအိမ်ရာရှေ့ဂိတ်တွင် ခမရ ၄၂၄ တပ် ဗိုလ် လှိုင်ဘုန်းမော်က ပြည်သူအပေါ်အနိုင်ကျင့်ဗိုလ်ကျလုပ်ဆောင်နေသည်ဟုသိရသည်။
“ခေတ်ပျက်ကြီးမှာ ပြည်သူကို ဗိုလ်ကျ အနိုင်ကျင့် ယုတ်မာနေတာ ဆီဆိုင်က ရွာသားနဲ့ ပြည်သူတွေ တော်တော် ရွံနေကြပြီ ကျနော်တို့ ဆီဆိုင်မြို့သူမြို့သား ရွာသူ ရွာသား စျေးလာဝယ် ပြောင်းလာရောင်းတဲ့သူတွေကို အကြောင်းမရှိအကြောင်းရှာပြီး အတင်းအကြပ်စစ်ဆေးတာတွေ လုပ်နေပါတယ်” ဟု ကြုံတွေ့ခဲ့ရသည့်ပြည်သူတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။
ထိုဝန်ထမ်းအိမ်ရာရှေ့ စစ်ကောင်စီတပ် ခမရ ၄၂၄ တပ်နှင့် ရဲစစ်ဆေးရေးဂိတ်ကို လွန်ခဲ့သည့် ၇ ရက်မှ တပ်ကလူချိန်းထားခြင်းဖြစ်ပြီး အရင်က ၄၂၄ က ဗိုလ်ကြီးတစ်ယောက်နေရာကို စစ်ဗိုလ် လှိုင်ဘုန်းမော်က လူပြောင်းလဲထားခြင်းဖြစ်သည်။
“ပြည်သူများ ဟင်းသီးဟင်းရွက်ဝယ်လာလည်း အိတ်ကို ဓားနဲ့ထိုးဖောက်စစ်တယ် ကြမ်းကြမ်းတမ်းတမ်း မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုပြီး ပြည်သူကိုအနိုင်ကျင့်တယ်ဓာတ်ဆီ၊ စားဆီ၊ ဆန်တွေပါရင် အဆမ တန်ငွေတောင်းတယ်” ဟု၎င်းကဆက်ပြောသည်။
ထို့အပြင် ဆန်၊ ဆီ၊ ဆေးပစ္စည်းများကိုလည်း လုံးဝ သယ်ခွင့်မပေးဘဲ သယ်လာသည့်ရွာသားကို ရိုက်မည်နက်မည်ဟု ခြိမ်းခြောက်ပြုမူနေကြောင်းသိရသည်။
ကိုယ်တိုင်ကြုံတွေ့သူ ဒေသခံတစ်ဦးက ” ကျနော် ဒီနေ့ နောင်ကျော ဘက်ကို မီးသွေးအိတ် အိမ်သုံးဖို့ ယူလာတာကို ငွေ ၅ သောင်းပေးခဲ့ရတယ်ဗျာ့”ဟုပြောသည်။
ထိုဗိုလ် လှိုင်ဘုန်းမော် သည်ပြီးခဲ့သည့် ဇွန်လကလည်း ရွှေညောင်ပင်အနီး ဂိတ်ဖွင့်ချိန်က ရွာသား၏ ဆေးပစ္စည်းများ၊ အရက်ဘီယာများကို ဖမ်းဆီးကယ ရဲလက်ထဲအပ်ပြီး ငွေပေးပြီးမှ ရွာသားကပြန်လွတ်လာကြောင်းသိရသည်။
#ppv002
#Humanright
#hsihseng
#စစ်ဆေးရေးဂိတ်
#WhatHappenInMyanmar
#ခမရ၄၂၄
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။