ခမ်းသားငေါဝ်း

အောက်တိုဘာ ၁၅၊ ၂၀၂၄

ဆီဆိုင်မြို့နယ် ကုန်းဆွတ်တံတားကျိူး၍ပျက်စီးသွားသောကြောင့်ဒေသခံများအတွက်သွားလာရခက်ခဲ ကြောင်းသိရပါသည်။

ရှမ်းပြည်နယ်နယ်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ကုန်းဆွတ်ကျေးရွာအုပ်စု ကုန်းဆွတ်တံတားသည် ရေကြီးရေလျှံမူကြောင့် ကျိူးသွားသောကြောင့် တစ်ရွာမှတစ်ရွာ၊ တစ်ခြံမှတစ်ခြံသို့သွားလာရန်ခက်ခဲကြောင်း စိုက်ပျိူးရေးလုပ်ကိုင်သူများထံမှသိရသည်။

“ဒီကုန်းဆွတ်တံတားကျိူးတော့ အမွိုးတို့ သွားလာရခက်ခဲတယ်လေ၊ အရင်ကဆိုရွာတွေ ပတ်မသွားရဘူး လယ်တွေတခြားရွာ‌တွေကိုသွားရင်ပေါ့၊ အခုတော့ အဝေးကြီးရွာတွကို ပတ်သွားနေရတယ် အမွိုးတို့ခြံဆို ကုန်းဆွတ်ကန်ရဲ့အရှေ့နဲ့အနောက်မှာရှိတယ်လေရေကလည်းကြီးတံတားလဲကျိူးဆိုတော့ လုပ်ကိုင်စားသောက်လို့မလွယ်ကူတဲ့အပြင်သွားလာလို့လဲအဆင်မပြေဘူး”ဟု အမျိူးသမီးတစ်ဦးကပြောသည်။

အခု‌ကကုန်းဆွတ်ကန်ရှိရေကကျသွားပေမဲ့ ‌ယခုထိရေစီးသန်နေသေးသည့်အတွက် တံတားပြန်ဆောက်ဖို့လုံး၀အဆင်မပြေကြောင်း သိရသည်။

ကုန်းဆွတ်ကန်သည်ပြီးခဲ့တဲ့ဩဂုတ်လ ၃၀ ရက်နေ့မှစ၍မိုးသည်းထန်စွာရွာပြီးရေကအဆက်မပြတ်တက်သောကြောင့် ကုန်းဆွတ်ကန်အနီးတစ်ဝိုက်ရှိ လယ်ယာနှင့် ခြံများအပြင်ကုန်းဆွတ်တံတားလဲရေနှစ်မြုပ်ကာသွားလာ ရအဆင်မပြေ‌မူများဖြစ်ခဲ့ကြောင်းသိရသည်။

လယ်သမားနှင့်ခြံသမားများသည် သွားလာရေးအတွက် နှင့် ခြံထွက်သီးနှံများကိုလွယ်လင့်တကူ သယ်နိုင်ဖို့အတွက် ကုန်းဆွတ်တံတားကိုမှီခိုနေရကြောင်းသိရသည်။

ကုန်းဆွတ်ကန်ရှိရေသည် နှစ်စဉ်ရေတက်ပေမဲ့အခုလိုဆိုးဝါးစွာမဖြစ်ဖူးပဲယခုနှစ်မှစတင်၍မိုးသည်းထန်ရွာရွာသွန်းမူကြောင့် ရေကအဆက်မပြတ်တက်လာခြင်းဖြစ်ကြောင်းသိရပါသည်။

PPV0014
ဓာတ်ပုံ-Crd
#သဘာဝဘေး
#ဆိုင်မြို့
#ကုန်းဆွတ်ကျေးရွာအုပ်စု
#ကုန်းဆွတ်တံတား
#ရေကြီးရေလျှံမူကြောင့်
#တံတားကျိူးသွားသောကြောင့်
#တစ်ရွာမှတစ်ရွာ
#တစ်ခြံမှတစ်ခြံသို့သွားလာရန်ခက်ခဲ
#စိုက်ပျိူးရေးလုပ်ကိုင်သူ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed