ခမ်းသားငေါဝ်း

အောက်တိုဘာ ၁၅၊ ၂၀၂၄

သီပေါမြို့တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း(၅၀၃)နှင့်(၅၀၄) စခန်းတို့အား တိုက်ခိုက်သိမ်းပိုက်စဥ် အတွင်း ဖမ်းဆီးရမိထားသည့် တပ်မိသာစုးဝင် (၁၉၁)ဦးကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြန်လွတ်ပေးခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ စစ်ကောင်စီ၏ (၅၀၃)တပ်စခန်းအား စက်တင်ဘာလ ၂၆ ရက်နေ့တွင် TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး ထိုတပ်အတွင်းရှိ အိမ်ထောင်စု(၃၈)စုရှိ ကျား(၁၁)ဦး၊ မ (၄၈)ဦး၊ ကလေး (၄၃) ဦးစုစုပေါင်း တပ်မိသားစုဝင် (၁၀၂)ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်းသိရသည်။

ထို့အပြင် စက်တင်ဘာလ ၂၇ ရက်နေ့တွင် လည်း (၅၀၄)တပ်စခန်းအား ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ထိုတပ်အတွင်းရှိ အိမ်ထောင်စု(၃၄)စုရှိ ကျား(၁၆)ဦး၊ မ (၃၉)ဦး၊ ကလေး (၃၄) ဦးစုစုပေါင်း တပ်မိသားစုဝင် (၈၉)ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း TNLA ကဆိုသည်။

အဆိုပါဖမ်းဆီးထားမိသော တပ်မိသားစုဝင်များအား အောက်တိုဘာလ ၁၂ ရက်နေ့တွင် TNLA မှ လူသားချင်းစာနာထောက်ထားသောအားဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ကား (၄)စီးဖြင့် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

အလားတူ အောက်တိုဘာလ ၁၂ ရက်နေ့တွင် နောက်ဆုံးကျန်ရှိသည့် သီပေါမြို့ရှိ ခြေလျင်တပ်ရင်း-ခလရ ၂၃ တပ်စခန်းအား တအာင်းတပ်မတော် TNLA မှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သီပေါမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

PPV 003
ဓာတ်ပုံ-TNLA
#လူ့အခွင့်အရေး
#လူသားချင်းစာနာထောက်ထားမှု
#သီပေါမြို့
#ခြေမြန်တပ်ရင်း၅၀၃နှင့်၅၀၄စခန်း
#ဖမ်းဆီးရမိထားသည့်တပ်မိသာစုးဝင်
#ပြန်လွတ်ပေးခဲ့
#TNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed