ခမ်းသားငါဝ်း
အောက်တိုဘာ ၁၄၊ ၂၀၂၄
မတ္တရာမြို့နယ်အတွင်း တန်ပြန်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် နေ့စဉ် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ စစ်တပ်ဘက်က ထိခိုက် သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားကြောင်း မန္တလေး (MDY- PDF) က အောက်တိုဘာ (၁၃)ရက်တွင် သတင်းထုတ်ပြန်ထားသည်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းက (PDF) သိမ်းပိုက်ထားသည့် စခန်းများကို လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင် စစ်ကြောင်းများပါ ထိုးစစ်ဆင်နေခြင်း ဖြစ်သော်လည်း သိမ်းပိုက်ထားသည့် စခန်းများအား အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း MDY-PDF က ဖော်ပြထားသည်။
စစ်ကောင်စီသည် စစ်ရေးပစ်မှတ်များသာမက အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေသည့်အတွက် အရပ်သား သေဆုံး ဒဏ်ရာရမှုများရှိနေပြီး စစ်ရာဇဝတ်မှုများအား ကျူးလွန်နေခြင်း ဖြစ်ကြောင်းလည်း MDY-PDF က ဖော်ပြထားသည်။
PPV0011
ဓာတ်ပုံ- MDY-PDF
#စစ်ရေး
#မန္တလေးတိုင်း
#မတ္တရာမြို့နယ်
#လေကြောင်းတိုက်ခိုက်မှု
#သိမ်းပိုက်ထားသည့်စခန်းများ
#အပြည့်အဝထိန်းချုပ်ထားနိုင်ဆဲ
#MDY-PDF
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။