ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၂၊၂၀၂၄
မတ္တရာမြို့နယ် ရှိစစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သံဃာတော် နှင့် ကလေးအပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးသွားခဲ့ကြောင်း ပြည့်သူ့ကာကွယ်ရေးတပ်မတော် ( မန္တလေး) MDY-PDF က သြဂုတ်လ ၁၁ ရက်နေ့တွင်ထုတ်ပြန်ထားသည်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ဝေါကြေးရွာအုပ်စုရှိ စစ်ဘေးရှောင်စခန်းတစ်ခုအား အောက်တိုဘာလ ၁၁ ရက်နေ့၊ နေ့လယ် ၁ နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီမှ အကြောင့်မဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ တော်များနှင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ(၁၂)ဦးခန့် သေဆုံးခဲ့ရပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူ များစွာရှိကြောင်းသိရသည်။
မတ္တရာမြို့နယ် ၊ ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းအား ပြုလုပ်ခဲ့သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် စစ်ဆင်ရေးနှင့်လုံးဝမသက်ဆိုင်သော လုပ်ရပ်တစ်ခုဖြစ်ပြီး ဂုဏ်သိက္ခာအကင်းမဲ့ဆုံးသော စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းပင်ဖြစ်ကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။
#PPV 003
#လေကြောင်းတိုက်ခိုက်မှု
#Humanright
#မတ်တရာ
#ဝေါစု
#WhatHappenInMyanmar
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။