ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၂၊ ၂၀၂၄

ပင်လောင်းတောင်ဘက်ရှိ နောင်ဝိုး၊ ပင်စုံ၊ နမ်းဖာမူ ကျေးရွာတို့တွင် တိုက်ပွဲ များ ဆက်လက်ပြင်းထန်နေ ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်ဝိုး၊ပင်စုံ၊နမ်းဖာမူ ၊ကောင်သုဲင် ကျေးရွာများတွင် စက်တင်ဘာလ နောက်ဆုံးပတ်မှ စပြီး တော်လှန် ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့အကြားတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယနေ့ထိတိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

” စစ်ကောင်စီနဲ့ PNO ဘက်က ဝါးလီ နဲ့ တင်းထက်ရွာကြားမှာ လက်နက်ကြီးအထိုင်ချပြီး ပင်စုံဖက်ပစ်သွားတယ်။နောက်ပြီး တောင်ဗာရွာထဲ လက်နက်ကြီးအထိုင်ချပြီး စံကားဖက်ကို ပစ်သွားတယ်။နောင်ဝိုး၊ကောင်သုဲင် ဖက်တစ်ကြော ဒေသခံ ထွက်ပြေးကုန်ပြီ။ စစ်ကောင်စီနဲ့ PNOအကျဆုံးများလို့ လေယာဉ်နဲ့ပါ လာပစ်တယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိနေပြီး PNO ပြည်သူ့စစ်ဖက်က ဒုဦးစီးချုပ် ဦးနေဝင်းထွန်းကိုယ်တိုင် ဦးဆောင်ပြီး တိုက်ပွဲဝင်နေကြောင်း ရှေ့တန်းမြေပြင်သတင်းရင်းမြစ်ကပြောသည်။

” PNO ဘက်က နေဝင်းထွန်းကိုယ်တိုင်ဦးဆောင်ပြီးတိုက်နေတယ်။ တခါးယဉ်၊လဲင်းတနျား၊တတောက်ရွာထဲ သူတို့က ဒေသခံနေအိမ်ထဲ လာတပ်စွဲနေတယ်။ ရွာသားလည်း သူတို့ကို ထမင်းကျွေးရတယ်။ကြောက်လည်း ကြောက်နေကြတယ်” ဟု ၎င်း ကဆက်ပြောသည်။

ယခုတွင် ပင်လောင်းတောင်ဖက် နေရာအများစုတွင် အင်တာနက်လိုင်း ​ပြတ်တောက်နေပြီး ထိခိုက်မှုအသေးစိတ်ကိုမသိရသေးကြောင်း ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလနောက်ဆုံးပတ်တွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဗန်းမောက်ရွာ ဒေသခံနေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါသေးသည်။

#PPV 003
#တိုက်ပွဲသတင်း
#ပင်လောင်း
#WhatHappenInMyanmar

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed