ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၁၊ ၂၀၂၄

ရေဘေးဒဏ်ကြုံနေရသည့် မိုးဗြဲမြို့ရှိ ပြည်သူများ အကူညီလိုအပ်နေဆဲ ဖြစ်ကြောင်းအောက်တိုဘာ ၁၁ ရက်က စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှ သိရသည်။

ရှမ်း-ကရင်နီ(ကယား) နယ်စပ် မိုးဗြဲ မြို့တွင် ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ပြီး နေအိမ်နှင့် လယ်ယာ များအကုန် နှစ်မြုပ်ပျက်စီးသွားသောကြောင့် နေရာထိုင်ခင်း နှင့် စားဝတ်နေရေး အတွက်အကူအညီများလိုအပ်နေသည်။

”ရေတော့နဲနဲလေး ပြန်ကျနေပြီ၊ ဒါပေမယ့် စပါးခင်းတွေက ရေမြုပ်နေတာကြာတော့ အကုန်ပျက်စီးသွားတယ်၊ အရင်က သူတို့နေခဲ့တဲ့ တဲတွေ၊ အိမ်တွေလည်းအကုန်ပျက်စီးသွားတယ်၊ အဲ့ကြောင့်အကူညီတွေအများကြီးလိုအပ်နေတယ်”ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

မိုးဗြဲတွင် ရေဘေးကို ဆိုးဝါးစွာကြုံတွေ့ခဲ့ရသော် လည်း အခြေအနေမတည်ငြိမ်မှုများကြောင့် အလှူရှင်များ ရောက်လာခြင်းမရှိကြောင်းသိရသည်။

ရေဘေးသင့်ပြည်သူတစ်ဦးက” ဒီမှာတော့ အလှူရှင်ကြီးကြီးမားမားရောက်လာတာမျိုးမရှိခဲ့ဘူး၊ လာလို့မရတာလည်းပါမှာပေါ့လေ၊ ဒီဘက်ထိဆိုလာမလှူရဲကြတာလည်းပါမှာပေါ့၊ ဒေသအခြေစိုက် အဖွဲ့အစည်းအချို့တော့ လှူပေးတာရှိတယ်၊ ဒါမယ့် စစ်ဘေးရော၊ ရေဘေးရောဆိုတော့ လုံလောက်မှုမရှိဘူးပေါ့လေ၊ အခုတော့ နေထိုင်ရေးအတွက် အမိုးအကာတွေနဲ့၊ စားဝတ်နေရေးအတွက် အဓိကလိုအပ်နေတယ်” ဟုဆိုသည်။

ရှမ်း-ကရင်နီ(ကယား)နယ်စပ် ဖယ်ခုံ၊ မိုးဗြဲ မြို့နယ်အပါအဝင် ကရင်နီ(ကယား) ပြည်နယ်အတွင်းတွင် လူဦးရေ ၂၉၇၇၉ ဦးခန့် ရေဘေးသင့်ခဲ့ပြီး အကူညီများလိုအပ်နေဆဲ ဖြစ်ကြောင်းကရင်နီကြားကာလ အစိုးရ IEC က ထုတ်ပြန်ထားသည်။

photo online

#PPV 003
#humtarian
#မိုးဗွဲ
#သဘာဝဘေး
#WhatHappenInMyanmar

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed